နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျိုနသန်တာ့နှင့် ဟင်ကာပီတို့ကို ရောင်းချမည် မဟုတ်ကြောင်း လေဗာကူဆင်အသင်း ထုတ်ပြန်

ဒီဇင်ဘာ  ၃၀

ဘွန်ဒက်စ်လီဂါကလပ် လေ ဗာကူဆင်အသင်းသည် ခံစစ် ကစားသမား ဂျိုနသန်တာ့နှင့် ဟင်ကာပီတို့ကို လာမည့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလတွင် ရောင်း ချမည်မဟုတ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

အသက် ၂၇ နှစ်အရွယ်ရှိ ဂျိုနသန်တာ့သည် ယခုနှစ်တွင် အသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး လေးဂိုးသွင်းယူပြီး ခြေစွမ်းပြ ကစားနေသော်လည်း ၎င်းအနေ ဖြင့် လာမည့် နွေရာသီတွင် အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး လက်ရှိ စာချုပ်ဖျက်သိမ်းကြေးမှာလည်း ယူရို ၁၈ သန်းသာရှိနေသဖြင့် ချဲလ်ဆီးအသင်းက ခံစစ်ပိုင်း လိုအပ်ချက်အတွက် ခေါ်ယူရန် ကြိုးပမ်းနေသောကြောင့် လေဗာ ကူဆင်အသင်း စီမံခန့်ခွဲမှုဒါရိုက် တာ ရိုလ်ဖက်စ်က လာမည့် အပြောင်းအရွှေ့တွင် ရောင်းချ မည်မဟုတ်ကြောင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် လူငယ်ကစားသမား ဟင်ကာပီသည်လည်း ဗဟိုခံစစ် ပိုင်းနှင့် တောင်ပံခံစစ်ပိုင်းတို့တွင် ပါဝင်ကာ ခြေစွမ်းပြနေသူဖြစ် သောကြောင့် ရောင်းချရန် အစီ အစဉ်မရှိကြောင်း ရိုလ်ဖက်စ် က ထပ်မံပြောကြားခဲ့ခြင်းဖြစ် သည်။

သူရိန်






အခြားဆက်စပ်သတင်းများ