နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘာစီလိုနာ ခံစစ်ကစားသမား အလွန်ဆို ဆော်ဒီပရိုလိဂ်သို့ ပြောင်းရွှေ့ရန် ပြင်ဆင်

ဒီဇင်ဘာ ၇

ဘာစီလိုနာအသင်းနှင့် လာမည့်နှစ် နွေရာသီတွင် စာချုပ်သက်တမ်းကုန်ဆုံး မည့် ခံစစ်ကစားသမား အလွန်ဆိုက အသင်းမှထွက်ခွာရန် ဆုံးဖြတ်ထားပြီး ဆော်ဒီပရိုလိဂ်သို့ပြောင်းရွှေ့ရန် ပြင်ဆင် လျက်ရှိကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည် ခံစစ် ကစားသမား အလွန်ဆိုနှင့် လာမည့်နှစ် ဇွန် ၃၀ ရက်တွင် စာချုပ်သက်တမ်းကုန် ဆုံးမည်ဖြစ်သော်လည်း အသင်းအနေ ဖြင့် ဘဏ္ဍာရေးအကျပ်အတည်းကြောင့် သက်တမ်းတိုးရန် မစီစဉ်တော့ဘဲ အလွတ်ပြောင်းရွှေ့ခွင့် ပြုမည်ဖြစ်သော ကြောင့် ကစားသမားအနေဖြင့် ဆော်ဒီ ပရိုလိဂ်သို့ ပြောင်းရွှေ့လိုနေခြင်းဖြစ်  သည်။


အသက် ၃၂ နှစ်အရွယ်ရှိ ခံစစ် ကစားသမား အလွန်ဆိုသည် တောင်ပံ  ခံစစ်ပိုင်းတွင် ကန်ဆယ်လို၊ ဘလိတ် တို့နှင့် ပွဲထွက်ခွင့် ယှဉ်ပြိုင်နေရကာ ယခုနှစ် ဘောလုံးရာသီ ပြိုင်ပွဲစုံ လေးပွဲသာ ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး ပုံမှန်ပွဲကစားခွင့်ရရှိရန် ရုန်းကန်နေရ သောကြောင့် ပွဲကစားခွင့်ရရှိနိုင်မည့် ဆော်ဒီပရိုလိဂ်သို့ပြောင်းရွှေ့ရန် ဆန္ဒရှိ နေပြီး ၎င်းကို အယ်နာဆာအသင်းနှင့် အယ်ဟိုင်လာအသင်းတို့က ခေါ်ယူရန် ကမ်းလှမ်းမှုများ ပြုလုပ်ထားကြောင်း သိရသည်။                                 သူရိန်






အခြားဆက်စပ်သတင်းများ