နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခံစစ်ကစားသမား ဗာရန်း ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့ရန် ဆွေးနွေး

နိုဝင်ဘာ  ၂၄

မန်ယူအသင်းတွင် ပွဲကစားခွင့် ရရှိရန် ရုန်းကန်နေရသည့် ခံစစ်ကစား သမားဗာရန်းသည် လာမည့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလတွင် ဘိုင်ယန် မြူးနစ်အသင်းသို့  ပြောင်းရွှေ့ကစားရန် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရ သည်။


ဗာရန်းသည် ၂၀၂၁ ခုနှစ်က ရီးရဲလ် မက်ဒရစ်အသင်းက မန်ယူအသင်းသို့  ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၄၂ သန်းဖြင့်ရောက်ရှိခဲ့ကာ ပြီးခဲ့သည့်  ဘောလုံးရာသီက မန်ယူအသင်းခံစစ် ပိုင်းကို အသင်းဖော်မာတီနက်ဇ်နှင့် တွဲဖက်၍ အကောင်းဆုံးကာကွယ် နိုင်ခဲ့သော်လည်း ဩဂုတ်လကဒဏ်ရာ ပြဿနာကြုံတွေ့ခဲ့ပြီး နောက်ပိုင်းပွဲ ကစားခွင့် လျော့နည်းလာခဲ့သော ကြောင့် အသင်းမှထွက်ခွာရန် ပြင်ဆင် နေပြီး ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။


လက်ရှိတွင်  အပြောင်းအရွှေ့ကာလ ဖွင့်လှစ်ရန် ရက်သတ္တခြောက်ပတ် လိုသေးသော်လည်း ဘိုင်ယန်မြူးနစ် အသင်းက ဗာရန်းကိုခေါ်ယူရန် ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက် လာမည့် အပြောင်းအရွှေ့တွင် ကစားသမားအနေ ဖြင့်လည်း မန်ယူအသင်းမှ ထွက်ခွာရန် ဆန္ဒရှိနေခြင်းကြောင့် ပြောင်းရွှေ့ကြေး စတာလင်ပေါင်၁၇  ဒသမ ၅ သန်းဖြင့် ခေါ်ယူနိုင်ရန် ယုံကြည်လျက်ရှိသည်။

သူရိန်






အခြားဆက်စပ်သတင်းများ