နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Globe Soccer Best Men’s Player ဆု မဲပေးမှုတွင် စီရော်နယ်ဒို ထိပ်ဆုံး၌ ဦးဆောင်

 နိုဝင်ဘာ ၂၅


Globe Soccer Award ဆုပေးပွဲ အခမ်းအနားတွင် ပေးအပ်ချီးမြှင့်မည့် Globe Soccer Best Men’s Player ဆုအတွက် ပရိသတ်များ၏ မဲပေး ရွေးချယ်မှုတွင် အယ်နာဆာအသင်း တိုက်စစ်မှူး စီရော်နယ်ဒိုက ထိပ်ဆုံး တွင် ရပ်တည်လျက်ရှိသည်။


Dubai Sports Council က Globe Soccer Award ဆုပေးပွဲ အခမ်း အနားကို ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်က စတင်ကျင်းပခဲ့သော်လည်း Globe Soccer Best Men’s Player ဆုကို ၂၀၁၁ ခုနှစ်မှသာ စတင်ထည့်သွင်း ချီးမြှင့်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။


လက်ရှိတွင် Globe Soccer Best Men’s Player ဆုအတွက် ဆန်ခါတင် ကစားသမားဦးရေ ၃၀ စာရင်းကို ရွေး ချယ်ထားပြီး ပရိသတ်များ၏ မဲပေး ရွေးချယ်မှုတွင် စီရော်နယ်ဒိုက ၄၀ ဒသမ ၆ ရာခိုင်နှုန်းထိ ရရှိထားပြီးထိပ် ဆုံးမှ ဦးဆောင်လျက်ရှိကာ ၎င်း၏ နောက်တွင် လီဗာပူးအသင်းမှ ဆာလာ က ၁၄ ဒသမ ၉ ရာခိုင်နှုန်းဖြင့် ရပ် တည်နေပြီး ကမ္ဘာ့အကောင်းဆုံးဆု ရရှိခဲ့သည့် မက်ဆီက ၁၂ ဒသမ ၃ ရာခိုင် နှုန်းနှင့် မန်စီးတီးအသင်း တိုက်စစ်မှူး ဟာလန်းက ၉ ဒသမ ၅ရာခိုင်နှုန်းရရှိ ထားကြောင်း သိရသည်။

သူရိန်






အခြားဆက်စပ်သတင်းများ