နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒီဖိုး၏ အပြောင်းအရွှေ့နှင့် ပတ်သက်ပြီး စပါးအသင်းကို အက်ဖ်အေ စုံစမ်းစစ်ဆေး

နိုဝင်ဘာ ၂၅

စပါးအသင်းသည် ၂၀၀၈ ခုနှစ်က တိုက်စစ်မှူး ဒီဖိုးကို ပို့မောက်စ်အသင်း မှခေါ်ယူခဲ့ရာတွင် အပြောင်းအရွှေ့စည်း မျဉ်းများ ချိုးဖောက်ခဲ့သည့်အတွက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (အက်ဖ် အေ)က  စုံစမ်းစစ်ဆေးမှုပြုလုပ်မည် ဖြစ်သည်။


စပါးအသင်းသည် တိုက်စစ်မှူး ဒီဖိုးကို ပို့မောက်စ်အသင်းမှ ပြောင်းရွှေ့ ကြေး စတာလင်ပေါင် ၇ ဒသမ ၅ သန်းဖြင့် ခေါ်ယူနိုင်ခဲ့သော်လည်း ၎င်း တို့အနေဖြင့် တရားဝင်လိုင်စင်မရသေး သည့်အေးဂျင့်ဖြင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့သည့်အတွက် အဆိုပါဖြစ်စဉ် ကို အက်ဖ်အေက စုံစမ်းစစ်ဆေးမှုပြန် လည်ပြုလုပ်မည်ဖြစ်ကြောင်း ထုတ် ပြန်ခဲ့ခြင်း ဖြစ်သည်။


အက်ဖ်အေက ချမှတ်ထားသည့် စည်းမျဉ်းအရ ကလပ်အသင်း တစ်သင်း အနေဖြင့် အေးဂျင့်စည်းမျဉ်းဖောက် ဖျက်ပါက ရမှတ်လျှော့ပြစ်ဒဏ်၊အသင်း တာဝန်ရှိသူများကို ရာထူးဆိုင်းငံ့ပြစ် ဒဏ်နှင့် အပြောင်းအရွှေ့ ပိတ်ပင်ခြင်း ပြစ်ဒဏ်များ ချမှတ်နိုင်သည်။


လက်ရှိအချိန်တွင် အက်ဖ်အေ အနေဖြင့် ယခင်က စည်းမျဉ်းချိုးဖောက် ခဲ့သည့် ဖြစ်စဉ်များကို ပြန်လည်စစ် ဆေးမှုများ ပြုလုပ်နေပြီး အဲဗာတန် အသင်းကိုရမှတ်လျှော့ ပြစ်ဒဏ်ချမှတ် ခဲ့ပြီးနောက် ချဲလ်ဆီးအသင်း၊ မန်စီးတီး အသင်းအပါအဝင် စပါးအသင်းကို လည်း စည်းမျဉ်းချိုးဖောက်မှုကြောင့် အရေးယူမှုပြုလုပ်ရန် စုံစမ်းစစ်ဆေးမှု များ ပြုလုပ်နေကြောင်း သိရသည်။

သူရိန်






အခြားဆက်စပ်သတင်းများ