နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် အ. ထ. က ၁ အသိပညာပေး

ရန်ကုန် စက်တင်ဘာ ၂၀

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ မြို့ပြ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၏  စွန့်ပစ် အမှိုက်များ  စနစ်တကျ စွန့်ပစ်ရေး အသိပညာပေး ဆွေးနွေးပွဲကို စက်တင်ဘာ ၁၉ ရက်က ရန်ကုန် တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း )မြို့နယ် အမှတ် ၁ အခြေခံပညာ အထက် တန်းကျောင်း၌ကျင်းပသည်။

ဦးစွာ  ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့်  သန့်ရှင်းရေးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်မျိုးလွင်က အဖွင့်အမှာ စကားပြောကြားပြီး ကြီးကြပ် ရေးမှူး  ဦးမျိုးဝင်းဦးက ကျောင်းသား၊ ကျောင်သူများ အား စွန့်ပစ်အမှိုက်များစနစ် တကျ  စွန့်ပစ်ရေး အသိပညာ ပေး တေးသရုပ်ဖော်များဖြင့် ရှင်းလင်းပြသခြင်း အမှိုက်များ ကို အမှိုက်စို၊ အမှိုက်ခြောက် များ အမျိုးအစားအလိုက် ခွဲခြား စွန့်ပစ်ရန်  လိုအပ်ကြောင်း၊ အမှိုက်များနှင့် ပတ်သက်၍ အမေး၊ အဖြေများ မေးမြန်းကာ ဆုလက်ဆောင်များ ပေးအပ် သည်။

ထိုနောက်မြို့ပြပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်း ရေးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဦးကျော်မျိုးလွင်က ကျောင်းအုပ်ဆရာမကြီးအား စွန့်ပစ်အမှိုက်ဆိုင်ရာ လက်စွဲ စာစောင်နှင့် အသိပညာပေး လက်ကမ်း စာစောင်များ ကျောင်းသုံး ဗလာ စာအုပ်များ၊ စာရေး ကိရိယာ များပေးအပ် လှူဒါန်းပြီး ကျောင်းအုပ် ဆရာမ ကြီးက ကျေးဇူးတင်စကား ပြန် လည်ပြောကြားသည်။

အောင်မြင့်ဌေး

(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ