နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လက်ဘနွန်တွင် ကလေးလုပ်သားဦးရေ တိုးလာ

ဘေရွတ် စက်တင်ဘာ ၂၀

ကမ္ဘာတစ်ဝန်း ကုန်စျေးနှုန်းကြီးမြင့်မှုများကြောင့် ကလေးသူငယ်များသည် စာသင်ကျောင်းများထက် လုပ်ငန်း ခွင်သို့ ဝင်ရောက်ခြင်းများ ပိုများလာ ပြီး လက်ဘနွန်တွင်လည်း အလားတူ အခြေအနေများ ကြုံတွေ့နေရကြောင်း သိရသည်။

လုပ်ငန်းခွင်တွင် အရွယ်မရောက် သေးသူများကို မြင်တွေ့နေရခြင်းသည် အရေးပေါ်အခြေအနေဖြစ်နေပြီး ကုန် စျေးနှုန်းမြင့်တက်မှုသည် ကလေး များကိုပါ ထိခိုက်ခံစားနေရကြောင်း ကုလသမဂ္ဂကလေးများဆိုင်ရာ ရန်ပုံ ငွေအဖွဲ့ကြီး UNICEF က သတိပေး ပြောကြားသည်။ 

ကိုဗစ်ကပ်ရောဂါကြောင့် နိုင်ငံ တကာ ကလေးလုပ်သားဦးရေစာရင်း ကို လက်ရှိအချိန်တွင် တိကျစွာသိရှိရန် ခဲယဉ်းနေသော်လည်း လက်ဘနွန်နိုင်ငံ တွင်မူ ကလေးလုပ်သားဦးရေများပြား လာနေကြောင်း UNICEF က ဆိုသည်။

လက်ဘနွန်နိုင်ငံသည် ပြီးခဲ့သည့် နှစ်များအတွင်း စီးပွားရေးအခက်အခဲ၊ ကိုဗစ်ကပ်ရောဂါ အခက်အခဲများအပြင် ၂၀၂၀ ပြည့်နှစ်က မြို့တော်ဘေရွတ်တွင် ကြီးမားသည့် ပေါက်ကွဲမှုဒဏ်ကိုပါ ရင်ဆိုင်ခဲ့ရသည်။ 

(ref: BBC)






အခြားဆက်စပ်သတင်းများ