နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂွါတီမာလာရှေးဟောင်းမြို့ကို ကမ္ဘာ့အမွေအနှစ်အဖြစ် ကြေညာ

ဂွာတီမာလာ စက်တင်ဘာ ၂၀

ဘီစီ ၈၀၀  ခန့်တွင် မာယာလူမျိုး များ ပထမဆုံးသိမ်းပိုက်ခဲ့သည့် ဂွါတီ မာလာရှေးဟောင်းမြို့ကို ကမ္ဘာ့အမွေ အနှစ်အဖြစ် ယူနက်စကိုက စက်တင် ဘာ ၁၈ ရက်တွင် သတ်မှတ်ကြေညာ လိုက်သည်။

အဆိုပါ ရှေးဟောင်းမြို့သည်  ဂွါတီမာလာနိုင်ငံတွင် ကမ္ဘာ့အမွေ အနှစ်နေရာအဖြစ် အသိအမှတ်ပြုခံရ သော တတိယမြောက်နေရာလည်း ဖြစ်သည်။

အဆိုပါ ရှေးဟောင်းမြို့တွင် အိုးလ်မက်ခ်ဟု အစောဆုံးလူသိများ သည့် မက်ဆိုအမေရိကန် ယဉ်ကျေးမှု ကာလ  တာကာလိခ်အဘာ ရှေးဟောင်း သုတေသနနေရာသည် ကိုလံဘီယာ ခေတ်မတိုင်မီ ဂွါတီမာလာတောင်ပိုင်း ရှိ အရေးအပါဆုံးစီးပွားရေးနှင့် ယဉ်ကျေးမှုစင်တာများအနက် တစ်ခု အပါအဝင် ဖြစ်သည်။

အေဒီ ၄၀၀ မှ ၉၀၀ ခုနှစ် အတွင်း မာယာလူမျိုးများသည် ယင်းတို့၏ မြို့များကို မစွန့်ပစ်မီအလယ် အမေရိက နှင့် မက္ကဆီကိုတောင်ပိုင်းတို့တွင် မြင့်မားထိုးတက်နေသည့် ဘုရား ကျောင်းများနှင့် နန်းတော်များကို အနုစိတ် တည်ဆောက်ခဲ့ကြသည်။

(ref: AP)






အခြားဆက်စပ်သတင်းများ