နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ခံဝန်ဖြင့် လွတ်လာနိုင်

ဘန်ကောက် စက်တင်ဘာ ၂၀

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် သည် လာမည့်နှစ်ဖေဖော်ဝါရီတွင် ခံဝန်ဖြင့် ထွက်လာနိုင်ကြောင်း တရား ရုံးတာဝန်ရှိသူတစ်ဦးက စက်တင် ဘာ ၁၉ ရက်တွင် ပြောကြားသည်။

ထိုင်းနိုင်ငံ၏ အကျော်ကြားဆုံး နိုင်ငံရေးသမား သက်ဆင်သည် ၂၀၀၆ ခုနှစ်တွင် စစ်တပ်၏ဖြုတ်ချခြင်းကို ခံခဲ့ရပြီး ပြည်ပသို့ တိမ်းရှောင်နေကာ ၁၅ နှစ်ကြာပြီးနောက် ယခင်လက  နိုင်ငံအတွင်း ပြန်လာခဲ့ခြင်းဖြစ်သည်။

ပြည်ပတွင်ရှိနေစဉ် သက်ဆင် သည် အာဏာအလွဲသုံးစားလုပ်မှု၊ အကျိုးစီးပွား ပဋိပက္ခများအပါအဝင် အမှုသုံးခု၌ ပြစ်ဒဏ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် ၎င်းပြန်လာ ချိန်တွင် ထောင်ဒဏ်ရှစ်နှစ်ချမှတ် ခံခဲ့ရသည်။

ထိုင်းနိုင်ငံသို့ရောက်ရှိပြီး ပြစ်ဒဏ် ကျခံရသည့် ပထမဆုံးညတွင်ပင် မစ္စတာသက်ဆင်သည် ရင်ဘတ် အောင့်ကာ သွေးတိုးလာသဖြင့် ရဲဆေးရုံသို့ လွှဲပြောင်းပေးခဲ့ရပြီး ရက်ပိုင်းအကြာတွင် ထိုင်းဘုရင် မင်းမြတ်သည် ၎င်း၏ရှစ်နှစ်ပြစ်ဒဏ် အား တစ်နှစ်အထိ လျှော့ချပေးခဲ့ကာ ယခုမူ တစ်နှစ်မပြည့် မီလာမည့်နှစ် ဖေဖော်ဝါရီတွင် ခံဝန်ဖြင့်ထွက်လာ နိုင်မည်ဖြစ်ကြောင်း သိရသည်။

(ref: CNN)






အခြားဆက်စပ်သတင်းများ