နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသက် ၆၀ အထက်သက်ကြီးများ ကိုဗစ်ကာကွယ်မည့် အာနိသင်ထိန်းဆေးများထိုးနှံရန် တိုက်တွန်း

ဘာလင် စက်တင်ဘာ ၂၀

အသက် ၆၀ နှစ်အထက်လူကြီး များကို ကိုဗစ်ကာကွယ်ဆေးများ အပြင် အာနိသင်ထိန်းဆေးများပါ ထိုးနှံရန် ဂျာမနီကျန်းမာရေး၀န်ကြီး ကားလ်လောက်တာဘာက စက်တင် ဘာ ၁၉ ရက်တွင် တိုက်တွန်းပြော ကြားသည်။

ယခု ဆောင်းဦးရာသီတွင် ကိုရိုနာ ဗိုင်းရပ်စ် အများအပြားကူးစက်ခံရ နိုင်သော်လည်း ကိုဗစ်ရောဂါကူးစက် မှုသည် အအေးမိခြင်းနှင့်မသက်ဆိုင် ကြောင်း ယင်းကပြောသည်။

ကျန်းမာရေးဝန်ကြီး လောက်တာ ဘာသည် ကာကွယ်ဆေးအာနိသင် ထိန်းဆေး ထိုးနှံပေးနေသည့် ဘာလင် မြို့တော်ရှိ ဂျာမန်စစ်ဆေးရုံသို့ သွားရောက် လည်ပတ်ပြီးနောက် ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

ဂျာမနီနိုင်ငံတွင် လူနာအချို့သည် လက်ရှိပျံ့နှံ့နေသည့် အိုမီခရွန် BA.4/5 မျိုးဗီဇ အမျိုးအစားခွဲများကို တိုက် ဖျက်ရန် ဒီဇိုင်းထုတ်ထားသည့် အာနိ သင်ထိန်းဆေးကို ထိုးနှံရန်စောင့်ဆိုင်း နေကြောင်း အထွေထွေရောဂါကု ဆရာဝန်များအသင်းက ပြောသည်။

(ref: Reuters)






အခြားဆက်စပ်သတင်းများ