နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘူလ်ဂေးရီးယားကမ်းခြေတွင် အန္တရာယ်ရှိဒရုန်း ဖောက်ခွဲဖျက်ဆီး

ဆိုဖီယာ စက်တင်ဘာ ၂၀

ဘူလ်ဂေးရီးယားနိုင်ငံ ပင်လယ် နက်ကမ်းရိုးတန်းတွင် တွေ့ရသည့် မောင်းသူမဲ့လေယာဉ်ကို ဖောက်ခွဲရေး ပစ္စည်းများ တပ်ဆင်ဖောက်ခွဲပစ်လိုက် ကြောင်း ဘူလ်ဂေးရီးယားကာကွယ် ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်သည်။

ဒရုန်းတစ်စင်း၏ အစိတ်အပိုင်းများ နှင့်အတူ ချိတ်ဆက်နေသည့် ၈၂ မီလီ မီတာ မော်တာဗုံးသီးပူးတွဲနေသည်ကို ဘူလ်ဂေးရီးယား ရေတပ်အထူးတပ်ဖွဲ့ က စတင်တွေ့ရှိခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။ 

ဗုံးသီးသည် ယိုယွင်းပျက်စီးနေပြီး အခြားနေရာသို့ ရွှေ့ပြောင်းခြင်း သို့မဟုတ် သယ်ယူရန် အဆင်မပြေခြင်း များကြောင့် တွေ့ရှိသည့်နေရာမှာပင် အထူးတပ်ဖွဲ့က ဖောက်ခွဲလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဘူလ်ဂေးရီးယား ကာကွယ်ရေး ဝန်ကြီးကမူ အဆိုပါဒရုန်းသည်ယူကရိန်း စစ်ပွဲနှင့်ဆက်စပ်နေသည်ဟု ယူဆရ ကြောင်း ထုတ်ဖော်ပြောကြားထား သည်။

(ref: Reutets)






အခြားဆက်စပ်သတင်းများ