နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗိုလ်တထောင်မြို့နယ်၊ အမှတ် ၄ ရပ်ကွက်၊ ကုန်သည်လမ်း (၅၄ လမ်းနှင့် ဗိုလ်တထောင်ဈေးလမ်း အကြား) ရှိ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးဝင်း သန့်ရှင်းသာယာသပ်ရပ်စေရေး

ဗိုလ်တထောင်မြို့နယ်၊ အမှတ် ၄ ရပ်ကွက်၊ ကုန်သည်လမ်း (၅၄ လမ်းနှင့် ဗိုလ်တထောင်ဈေးလမ်း အကြား) ရှိ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးဝင်း သန့်ရှင်းသာယာသပ်ရပ်စေရေး စက်တင်ဘာ ၁၉ ရက်က ဗိုလ်တထောင်မြို့နယ်နှင့် ပုဇွန်တောင်မြို့နယ်တို့မှ စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့ ကြီးကြပ်၍ သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးများနှင့် ဌာနများကတွဲဖက်ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းအင်အား ၁၂၁ ဦးဖြင့် ဆေးရုံအတွင်း မြက်ပင်ချုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ သစ်ပင်အောက်တက်များ ရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများ ဖြတ်ညှိပုံသွင်းအလင်းဖွင့် ခြင်း၊ စွန့်ပစ်အမှိုက်နှင့် သစ်ကိုင်းခြောက်များ သိမ်းဆည်းခြင်း၊ သစ်ရွက်ကြွေများ၊ သဲ ခဲများ လှည်းကျင်းရှင်းလင်း၍ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ထွက်ရှိအမှိုက်များကို ယာဉ်သုံးစီးဖြင့် သိမ်းဆည်း သယ်ယူစွန့်ပစ်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးမှုတ်ခြင်း၊ ရေစည် ရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်း၊ ကျန်းမာရေး လက်ကမ်းစာစောင်များ ပေးဝေခြင်းတို့အား ဆောင်ရွက်ကြစဉ်။

ယဉ်မွန်






အခြားဆက်စပ်သတင်းများ