နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Car Key စနစ်ကို iPhone ဖြင့်အသုံးပြုနိုင်မည်

ဇွန် ၂၆ 


Apple က WWDC 2020 တွင် iPhone နှင့် Wirelessly ကားတံခါးဖွင့်နိုင်မည့် Car Key နည်းပညာကို ကြေညာခဲ့သည်။ ထို feature သည် iOS14 သစ်တွင် ပါဝင်လာမည်ဖြစ်ပြီး Near Field Communication နည်းပညာပေါ်မှ အလုပ်လုပ်နိုင်ကြောင်း Apple က ပြောထားသည်။ The Verge သတင်းအရ Car Key နည်းပညာသည် လာမည့်လထဲတွင် ထွက်လာရန်ရှိသည့် ၂၀၂၁ မော်ဒယ် BMW 5 series များတွင် စပြီးပါလာမည်ဟု ဖော်ပြထားသည်။


Car Key စနစ် ထောက်ပံ့ပေးထားသည့် ကားတစ်စင်းဖြင့် iPhone (သို့မဟုတ်) Apple Watch ကို ချိတ်ဆက်ပြီးပါက ကားလက်ကိုင်နေရာမျိုးတွင်ပါသည့် NFC reader နားတွင် iPhone/Apple Watch ကို ထားပေးရမည်ဖြစ်သည်။


ကားကို Lock မဖွင့်မီ FaceID ဖြင့် ဝင်ခွင့်ထားခြင်း၊ TouchID ဖြင့် ထားခြင်းတို့ကို ရွေးချယ်နိုင်မည်ဖြစ်ပြီး Express mode ထားပြီး ဇီဝလုံခြုံရေးစနစ်ကို ကျော်နိုင်မည်ဟု ပြောထားသည်။ ကားတံခါး Lock Access ကို iMessage မှတစ်ဆင့် အခြားသူများဖြင့် မျှဝေနိုင်မည်ဖြစ်သည်။ ထို feature သည် iOS 13 တွင်လည်း ပံ့ပိုးသွားမည်ဟု Apple က ပြောသည်။ 


Car Key သည် Car Connectivity Consortium အဖွဲ့အစည်း CCC ၏ Digital Key Release 2.0 အချက်အလက်များကို သုံးသွားရန် ရှိသည်။ ၂၀၁၈ ခုနှစ်က လုပ်ဆောင်ခဲ့သည့် CCC ၏ Digital Key စံနှုန်း သဘောတူညီချက်တွင် Audi ၊ BMW ၊ Hyundai နှင့် Volkswagen ကဲ့သို့ ကားကုမ္ပဏီများအပြင် Apple ၊ Samsung ၊ LG နှင့် Panasonic တို့ကဲ့သို့ စမတ်ဖုန်းကုမ္ပဏီများအပါအဝင် ကုမ္ပဏီပေါင်း ၇၀ ကျော်မှ လက်မှတ်ရေးထိုးခဲ့သည်။


(WP)






အခြားဆက်စပ်သတင်းများ