နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နယူးကာဆယ်အသင်းက ဝီလ်ဆင်ကို တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆို

စက်တင်ဘာ  ၁၉

နယူးကာဆယ်အသင်းသည် ယခုနှစ် ဘောလုံးရာသီ အသင်း တိုက်စစ်ပိုင်းတွင် ခြေစွမ်းပြသ နေသည့် တိုက်စစ်မှူး ဝီလ်ဆင် ကို တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရသည်။

တိုက်စစ်မှူး ဝီလ်ဆင်သည် နယူးကာဆယ်အသင်းနှင့် လာ မည့် ၂၀၂၄ ခုနှစ်မှ သက်တမ်း ကုန်ဆုံးမည်ဖြစ်သော်လည်း ၎င်း သည် အသင်းသို့ ရောက်ရှိခဲ့ ပြီးနောက် တိုက်စစ်ပိုင်းတွင် အကောင်းဆုံး ခြေစွမ်းပြသ၍ အသင်း၏ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည် နိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၈၀ တွင် သွင်းဂိုး ၄၀ သွင်းယူနိုင်ခဲ့သည့် ကစားသမားဖြစ်သောကြောင့် နည်းပြ ဟိုဝီ၏ ယုံကြည်မှုကို ရရှိနေသူဖြစ်သည်။

"ဝီလ်ဆင်ဟာ အသက်အရွယ် ရလာပေမယ့် အသင်းအတွက် လိုအပ်တဲ့ သွင်းဂိုးတွေကို သွင်း ယူပေးနိုင်ဆဲဖြစ်ပါတယ်။ ဒါဟာ အသင်းဖော် ကစားသမားတွေ ကို နိုင်ပွဲရဖို့ စိတ်အားထက်သန် စေပါတယ်။ ဒါ့ပြင် ဝီလ်ဆင်ဟာ ဂိုးသွင်းယူတဲ့ အချိန်တွေမှာလဲ စိတ်လှုပ်ရှားမှုမရှိတာကို တွေ့ရ ပါတယ်။ သူ့လို တိုက်စစ်မှူးကို အသင်းနဲ့ရေရှည် လက်တွဲနိုင်ခဲ့ လို့ ကျေနပ်မိပါတယ်"ဟု နည်းပြ ဟိုဝီက ပြောသည်။

သူရိန်






အခြားဆက်စပ်သတင်းများ