နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဆင်နယ်အသင်း ဘန်ဝှိုက်ကို ကာလရှည်စာချုပ်ချုပ်ဆိုရန် ကြိုးပမ်း

စက်တင်ဘာ  ၁၈

အာဆင်နယ် အသင်းသည် အသင်းနှင့် စာချုပ်သက်တမ်း သုံးနှစ်ကျန်ရှိသေးသည့် ခံစစ် ကစားသမား ဘန်ဝှိုက်ကို အသင်းတွင် ဆက်လက်ထိန်းသိမ်း ရေး ကာလရှည်စာချုပ် ချုပ်ဆို ရန် ကြိုးပမ်းနေကြောင်း သိရ သည်။

ဘန်ဝှိုက်သည် အသင်းနှင့် ၂၀၂၆ ခုနှစ်မှ စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သော်လည်း ၎င်း သည် အသင်းခံစစ်ပိုင်းတွင် ပုံစံ ကောင်းပြသ၍ အဓိက ကစား သမားအဖြစ် ပါဝင်နေသူဖြစ် သောကြောင့် အသင်းတာဝန်ရှိ သူများက ၎င်းကို ကာလရှည် စာချုပ် ချုပ်ဆိုရန် ဆုံးဖြတ်ခဲ့ပြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အာဆင်နယ် အသင်းသည် ကွင်းလယ်ကစားသမား အိုဒီဂတ် ကို စာချုပ်သက်တမ်းတိုးရန် တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ ပြီးနောက် ခံစစ်ပိုင်းတွင် ခြေစွမ်း ပြသနေသည့် ဘန်ဝှိုက်ကိုလည်း ကာလရှည်စာချုပ် ချုပ်ဆိုရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

ခံစစ်ကစားသမား ဘန်ဝှိုက် သည် ပြီးခဲ့သည့် ဘောလုံးရာသီ က အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး နည်းပြ အာတီ တာ လက်အောက်တွင် ဗဟို ခံစစ်ပိုင်းနှင့် တောင်ပံခံစစ်ပိုင်း တို့တွင် ပါဝင်ကစားပေးနိုင်ခဲ့ကာ ခြေစွမ်း ပြသနိုင်ခဲ့သောကြောင့် အသင်းသို့ ရောက်ရှိခဲ့ပြီးနောက် ပရီးမီးယားလိဂ်ပွဲစဉ် အားလုံး တွင် ပါဝင်ခွင့်ရရှိနေသူဖြစ်သည်။

သူရိန်






အခြားဆက်စပ်သတင်းများ