နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာ တားမြစ်ဆေး သုံးစွဲမှုကြောင့် လေးနှစ်ပွဲပယ်ခံရ

စက်တင်ဘာ  ၁၅

ဂျူဗင်တပ်အသင်း  ပေါ့ဂ်ဘာသည် ကွင်းလယ်ကစားသမား အူဒီးနီးစ် အသင်းနှင့်ပွဲစဉ်အပြီးတွင် စစ်ဆေးမှု ပြုလုပ်ခဲ့ရာ တားမြစ်ဆေးဝါးသုံးစွဲထား  ကြောင်း စစ်ဆေးတွေ့ရှိခဲ့သော ကြောင့် လေးနှစ်ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံရမည် ဖြစ်ကြောင်း အီတလီနိုင်ငံတားမြစ် ဆေးဝါးတိုက်ဖျက်ရေး အေဂျင်စီက ထုတ်ပြန်ကြေညာခဲ့သည်။

ပြီးခဲ့သည့် ဩဂုတ် ၂၀ ရက်က ကစားခဲ့သည့် အူဒီးနီးစ်အသင်းနှင့် ပွဲစဉ် အပြီးတွင် ပေါ့ဂ်ဘာအနေဖြင့်     ဆေးစစ်မှု ပြုလုပ်ခဲ့ရာ တက်စတိုစတာ ရုန်းခေါ်  တားမြစ်ဆေးဝါးသုံးစွဲထား သည်ဟု စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဂျူဗင်တပ် အသင်းက တရားဝင်ထုတ်ပြန်ခဲ့ပြီး နောက်  ၎င်းသည်တားမြစ်ဆေးဝါးတိုက် ဖျက်ရေး ဥပဒေအရ လေးနှစ်ပွဲပယ် ပြစ်ဒဏ်ကျခံရမည်ဖြစ်သည်။

ပေါ့ဂ်ဘာသည် ၂၀၂၂ ခုနှစ်က မန်ယူအသင်းမှ ဂျူဗင်တပ်အသင်းသို့ ပြန်လည်ရောက်ရှိခဲ့ပြီးနောက် ဒဏ်ရာ ပြဿနာများနှင့်သာ ရုန်းကန်ခဲ့ရ သဖြင့် ပြိုင်ပွဲစုံငါးပွဲသာ ပါဝင်နိုင်ခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်းဒူးဒဏ်ရာကြောင့် ပြင်သစ်အသင်း အတွက်ပါဝင်နိုင်ခြင်း မရှိခဲ့သည့်အပြင် ၎င်း၏ အစ်ကိုဖြစ်သူ မာသီးယက်စ်၏ အမှုကိစ္စနှင့်ပတ်သက်၍လည်း ရဲတပ်ဖွဲ့ ၏ စစ်ဆေးမှုများ ခံယူခဲ့ရပြီးနောက် ကစားသမားဘဝမှ အနားယူရန် ဆုံးဖြတ် ထားကြောင်း သိရသည်။

သူရိန်






အခြားဆက်စပ်သတင်းများ