နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်စီးတီး နည်းပြ ဂွာဒီယိုလာ အသင်းနှင့်ပြန်လည်ပူးပေါင်း

 စက်တင်ဘာ  ၁၅

နောက်ကျောဒဏ်ရာကြောင့် ရုတ်တရက် ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရ သည့် နည်းပြဂွာဒီယိုလာသည် ရက် သတ္တ သုံးပတ်အကြာတွင် မန်စီးတီးအသင်း နှင့်ပြန်လည် ပူးပေါင်းနိုင်ခဲ့ကြောင်း သိရသည်။

ဂွာဒီယိုလာသည် နောက်ကျော ဒဏ်ရာကို ဘာစီလိုနာမြို့တွင် ခွဲစိတ် ကုသမှုခံယူခဲ့ရပြီး ခွဲစိတ်မှုကာလ အတွင်း ရှက်ဖီးလ်အသင်း၊ ဖူလ်ဟမ် အသင်းတို့၏ ပွဲစဉ်များကို လွဲချော်ခဲ့ ရကာ လက်ထောက်နည်းပြဂျူအန်မာ လီလိုကအသင်းကို တာဝန်ယူခဲ့ရပြီး ရလဒ်ကောင်းများကို ဆက်လက် ထိန်း သိမ်းနိုင်ခဲ့သည်။

လက်ရှိတွင် နိုင်ငံတကာပြိုင်ပွဲ ကာလ ပြီးဆုံးခဲ့သောကြောင့် နိုင်ငံ ကိုယ်စားပြုသွားရောက် ကစားနေရ သည့် မန်စီးတီးအသင်းက ကစားသမား များ ပြန်လည်ရောက်ရှိချိန်တွင်အသင်း ၏ လေ့ကျင့်ရေးအစီအစဉ်ကိုစတင် ရန် နည်းပြဂွာဒီယိုလာက ပြင်ဆင် လျက်ရှိပြီး လာမည့်စနေနေ့တွင် ဝက်စ်ဟမ်းအသင်းနှင့် ကစားရမည့် ပွဲစဉ်အတွက် ပွဲထွက်ကစားသမား စာရင်း ကို ရွေးချယ်သွားမည်ဖြစ်ကြောင်း  သိရသည်။

မန်စီးတီးအသင်းသည်ပရီးမီးယား လိဂ်ပွဲစဉ် လေးပွဲကစားပြီးချိန်တွင်လေးပွဲ စလုံး အနိုင်ရရှိထားပြီး အမှတ်ပေး ဇယားကို ဦးဆောင်ထားသည်။                                               

 သူရိန်






အခြားဆက်စပ်သတင်းများ