နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လှိုင်မြို့နယ်၊ ၁၂ ရပ်ကွက်၊ အောင်ဓမ္မရိပ်သာလမ်းရှိ အမှတ် ၁၈ အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်း သန့်ရှင်းသာယာသပ်ရပ်စေရေး

လှိုင်မြို့နယ်၊ ၁၂ ရပ်ကွက်၊ အောင်ဓမ္မရိပ်သာလမ်းရှိ အမှတ် ၁၈ အခြေခံပညာမူလတန်းကျောင်းဝင်း အတွင်း သန့်ရှင်းသာယာသပ်ရပ်စေရေး စက်တင်ဘာ ၉ ရက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့ ကြီးကြပ်၍ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်းအင်အား ၅၀ ဦးဖြင့် စနေနေ့အထူးစုပေါင်းလုပ်အားပေး ဆောင်ရွက် ကြရာ ကျောင်းဝင်းအတွင်းရှိ မြက်ပင်ချုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်း၊ သစ်ပင်အောက်တက်များ ရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများဖြတ်ညှိပုံသွင်း အလင်းဖွင့်ခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး အတွက် ရေမြောင်းများအတွင်းရှိ အမှိုက်နှင့်နုန်းများ ဆယ်ယူရှင်းလင်းခြင်း၊ ကျောင်းတွင်း/ကျောင်းပြင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ ထွက်ရှိအမှိုက်များကို ယာဉ်တစ်စီးဖြင့် သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ခြင်ခိုအောင်းနိုင်သည့်နေရာများနှင့် စာသင် ခန်းများအတွင်း ခြင်ဆေးမှုတ်ခြင်း၊ ရေစည်ရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်းတို့ကို စုပေါင်းလုပ်အားပေး ဆောင်ရွက်ကြစဉ်။


မိုးမြင့်မောင်






အခြားဆက်စပ်သတင်းများ