နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လိုင်ယွန်တိုက်စစ်မှူး ဘာကိုလာ ကိုပီအက်စ်ဂျီအသင်း ခေါ်ယူ

စက်တင်ဘာ ၃

ပီအက်စ်ဂျီအသင်းသည် လိုင်ယွန်အသင်းတွင် ခြေစွမ်းပြကစားနေသည့် လူငယ်တိုက်စစ်မှူး ဘာကိုလာကို ပြောင်းရွှေ့ကြေး ယူရို ၄၅ သန်းဖြင့် ခေါ်ယူ နိုင်ကြောင်း ထုတ်ပြန်သည်။

ဘာကိုလာသည် ၂၀၂၁ ခုနှစ်တွင် လိုင်ယွန်လူငယ်အသင်းမှ အသင်းကြီးသို့ ရောက်ရှိခဲ့ပြီး အသင်းနှင့်အတူ ပြိုင်ပွဲစုံ ၄၇ ပွဲ ပါဝင်ခဲ့ရာတွင် သွင်းဂိုးခုနစ် ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၁၁ ကြိမ်ပြုလုပ်၍ ခြေစွမ်းပြသနိုင်ခဲ့သဖြင့် ဥရောပတွင် အကောင်းဆုံး လူငယ်ကစားသမားများထဲတွင် ပါဝင်ခဲ့ပြီး ပီအက်စ်ဂျီအသင်းက အနာဂတ်စီမံကိန်းအတွက် ဘာကိုလာကိုပြောင်းရွှေ့ကြေး ယူရို ၄၅ သန်းနှင့် အပိုဆုကြေးငါးသန်းပါဝင်သည့် ကမ်းလှမ်းချက်ဖြင့် ကမ်းလှမ်း၍ ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

“အခုလို ဥရောပထိပ်သီးကလပ် အသင်းတစ်သင်းကို ပြောင်းရွှေ့ခွင့်ရလို့ ပျော်ရွှင်မိပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ဥရောပရဲ့ အဓိကပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့အသင်းဖြစ်သလို ရည်မှန်းချက်ကြီးမားတဲ့ အသင်းလဲဖြစ်ပါတယ်။ အသင်းအတွက် ကျွန်တော်တတ်စွမ်းသမျှ ပေးဆပ်သွားမှာပါ” ဟု ဘာကိုလာက ပြောသည်။

ပီအက်စ်ဂျီအသင်းသည် ယခုနှစ် နွေရာသီအပြောင်းအရွှေ့ကာလတွင် ကစား သမား ခေါ်ယူမှုအတွက် ရင်းနှီးမြှုပ်နှံမှု ယူရို ၂၅၀ ဒသမ ၅ သန်းအထိ ပြုလုပ်ထားသည်။                                                                                             

သူရိန်







အခြားဆက်စပ်သတင်းများ