နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသက်ရှူလမ်းကြောင်းသန့်စင်စေမည့် အစားအစာများ

လူစုလူဝေးကိုရှောင်ခြင်း၊ အကြောင်းကိစ္စမရှိပါက အိမ်တွင်းသာနေထိုင်ခြင်း၊ မဖြစ်မနေအပြင်ထွက် ရမည်ဆိုပါက အယ်လ်ကိုဟော ၆၀ ရာခိုင်နှုန်းနှင့် အထက်ပါသော လက်ဆေးရည်ဘူး (သို့မဟုတ်) Hand gel ဆောင်ထားခြင်း၊ ဘတ်စ်ကားစီးနေစဉ် Mask တပ်ဆင်ခြင်း၊ အသုံးပြုပြီးသော Mask ကို စနစ်တကျ စွန့်ပစ်ခြင်း၊ အပြင်ကပြန်လာသောလက်ဖြင့် ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများကိုတွေ့ထိမှုမပြုခြင်း၊ အပြင်ကပြန်လာသော အဝတ်အထည်ကို ချက်ချင်းလျှော်ဖွတ်ခြင်း၊ အိပ်ရေးဝ၀အိပ်စက်ခြင်း၊ အာဟာရဖြစ်စေမည့် အစားအစာများ မှီဝဲစားသုံးခြင်း၊ လက်ဆေးရည် (သို့မဟုတ်) ရေနွေး၊ ဆပ်ပြာ တို့ဖြင့် လက်ကို မကြာခဏဆေးကြောခြင်း စသည်ဖြင့် ကိုရိုနာဗိုင်းရပ်စ် (COVID-19) အန္တရာယ်မှ ကာကွယ်ထားရမည့် အခြေခံအချက်အလက်များကို ရေဒီယို၊ တီဗီ၊ သတင်းစာ၊ ဂျာနယ်၊ အွန်လိုင်းမီဒီယာ ဘက်ပေါင်းစုံတို့ဖြင့် ပြည်သူလူထုကို ကျန်းမာရေး အသိပေးလျက်ရှိသည်။ ပြည်သူလူထုမှလည်း အသိ၊ သတိဖြင့် အမှန်တကယ်ပင် လိုက်နာကျင့်ကြံဖို့ အထူးအရေးကြီးပါသည်။ ထို့ပြင် Quarantine အသွားအလာ ကန့်သတ်ခံထားရသူများအနေဖြင့်လည်း လူသားကျင့်ဝတ်နှင့်အညီ မိမိနှင့် ပတ်ဝန်ကျင်းကို အမှန်တကယ် ချစ်တတ်ဖို့လိုပါသည်။ အောက်ဖော်ပြပါ အစားအစာများက အသက်ရှူလမ်းကြောင်းနှင့် အဆုတ်ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုပေးနိုင်မည်ဖြစ်ရာ ယင်းအစားအစာများထဲမှ မိမိနှင့် လက်လှမ်းမီရာ အစားအစာကို စားသုံးစေလိုပါသည်။ တောဌက်ပျောဖူးကချွဲသလိပ်ပျော်ကျစေပြီး အသက်ရှူလမ်းကြောင်းပွင့်စေသည်။ ငရုတ်သီး၊ ငရုတ် ကောင်းတို့၏ အပူဓာတ်က သွေးလည်ပတ်စီးဆင်းမှုကို အားကောင်းစေပြီး၊ အသက်ရှူလမ်းကြောင်းအတွင်း ရောဂါပိုးများဝင်ရောက်ခြင်းကို တိုက်ထုတ်ပေးသည်။ ထို့ပြင် လည်ချောင်းနာနှင့် ချောင်းဆိုးခြင်းတို့ကိုလည်း သက်သာပျောက်ကင်းစေသည်။ rosemary (ခေါ်) မွှေးကြိုင်သည့် ဆေးဖက်ဝင် အမြဲစိမ်းချုံနွယ်ပင်က အဆုတ်သွေးလည်ပတ်စီးဆင်းမှုကို အားပေးသည်။ (City Mart ဆိုင်များ၏ အချိုရည်ဘူးများရောင်းချသောဆိုင်များတွင် နိုင်ငံခြားဖြစ် အသင့် သောက် rosemary ဖျော်ရည်ကိုရရှိနိုင်သည်)။ ဂရိတ်ဖရုသီး (ခေါ်) ရှောက်ခါးသီးက ကင်ဆာဖြစ်စေသော အင်ဇိုင်းကိုဟန့်တားပေးသည်။ ယင်းအသီးက ဆေးလိပ်ဖြတ်ပြီးနောက်ပိုင်းအဆုတ်သန့်ရှင်းရေးအတွက် အထူးကောင်းမွန်သောသစ်သီးဖြစ်သည်။ နာနတ်သီးထဲတွင်ပါရှိသောသဘာဝ ဓာတ်တိုးဆန့်ကျင်ပစ္စည်းက အသက်ရှူလမ်းကြောင်းကို တိုးတက် ကောင်းမွန်စေသည်။ နံနက်စာစားပြီးနောက်ပိုင်းနှင့် နေ့လယ်စာမတိုင်မီကြားကာလတွင် မုန်လာဥနီဖျော်ရည် ၃၀ဝ မီလီ လီတာ သောက်ပေးပါ။ မုန်လာဥနီက အဆုတ်သွေးကြောထဲရှိသွေးများကို အယ်လ်ကာလီ ဓာတ်ပြုစေပြီး အဆုတ်သန့်စင်စေသည်။ ရွှေဖရုံသီးကလည်း မုန်လာဥနီကဲ့သို့ပင် အဆုတ်ကျန်းမာရေးအတွက် အကျိုးအာနိသင် ပြည့်ဝသော အသီးတစ်မျိုးဖြစ်သည်။ ပိုတက်စီယမ်က အဆိပ်အတောက်များကိုပြေစေသော အစွမ်းရှိသဖြင့်၊ ပိုတက်စီယမ်ဓာတ်ကြွယ်ဝသော တရုတ်နံနံပင် (သို့မဟုတ်) ဟင်းနုနယ် (သို့မဟုတ်) ဌက်ပျောသီး ဖျော်ရည် ၄၀ဝ မီလီလီတာခန့်ကို နေ့လယ်ထမင်းစားပြီးတိုင်း သောက်သုံးပေးပါ။ အဆုတ်သန့်စင်စေရုံမျှမက အစာကိုလည်း ကျေညက်စေသည်။ ညအိပ်ရာမဝင်ခင် cranberry (ခေါ်) အနီရောင်အချဉ်သီးဖျော်ရည်သောက်ပေးခြင်းဖြင့် အဆုတ်ထဲရှိ ဘက်တီးရီးယားပိုးမွှားများကို အစွမ်းထက်တိုက်ထုတ်ပေးနိုင်သည်။ ထားဝယ်မှိုင်းပင်က အဆုတ်ကို သန့်စင်ပေးရုံသာမက၊ အဆုတ်အမြှေးပါးကိုလည်း ကောင်းကျိုးပြုသဖြင့် ပြုတ်၍ဖြစ်စေ၊ လက်ဖက်ရည်ကြမ်းခတ်၍ဖြစ်စေ သောက်သုံးပေးပါ။ ဘလူးဘယ်ရီးသီးများတွင်ပါရှိသော အစွမ်းထက်မြက်ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက အဆုတ်ရောဂါ ဘက်တီးရီးယားပိုးများကို တိုက်ထုတ်နိုင်စွမ်းရှိသည့်အတွက် ညအိပ်ရာမဝင်ခင် ဘယ်ရီသီး (သို့မဟုတ်)အနက်ရောင်စပျစ်သီးဖျော်ရည် ၄၀ဝ မီလီလီတာခန့်သောက်သုံးပါ။ ပန်းငရုတ်ပွသီး (ခေါ်) ငရုတ်ချိုများက အဆုတ်ကင်ဆာဖြစ်ပွားမှုနှုန်းကို လျော့ကျစေသည်။ လိမ္မော်သီးက အဆုတ်အတွက် အောက်စီဂျင်စုပ်ယူရာမှာ အကူအညီပေးသည် (သို့သော် အလွန်ချိုသောလိမ္မော်သီးမျိုးကို မဆိုလိုပါ)။ အစိမ်းရောင် ပဲသီးအမျိုးမျိုး၊ ပဲစေ့ နှင့် အခွံမာသီးများက အဆုတ်ကိုကောင်းမွန်စွာ အလုပ်လုပ်နိုင် စေဖို့အတွက် လိုအပ်နေသော မဂ္ဂနီစီယမ်နှင့် သတ္တုဓာတ်များကိုအားဖြည့်ပေးသည်။ ပန်းသီးကိုနေ့စဉ် တစ်လုံးအမြဲစားသုံးပေးခြင်းဖြင့် ပိုမိုကျန်းမာသောအဆုတ်ကို ပိုင်ဆိုင်စေနိုင်သည်။ နနွင်း၊ ချင်း(ဂျင်း)၊ ချင်းစိမ်း၊ ချင်းတက်များတွင် ရောင်ရမ်းမှုကိုလျော့ကျစေသော သတ္တိပါဝင်ပြီးအဆုတ်မှ ညစ်ညမ်းမှုများကိုဖယ်ထုတ်ပေးသည်။ သလဲသီးထဲမှာ အဲလက်ဂျစ်အက်ဆစ် နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများစွာပါရှိနေ၍ အဆုတ်တွင် အကြိတ်ဖြစ်ပွားမှုကို လျှော့ချပေးသည်။ အစိမ်းရောင်ဟင်းသီးဟင်းရွက်များဖြစ်ကြသော ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီအဖြူ၊ ပန်းဂေါ်ဖီစိမ်း (ခေါ်) ဘရိုကိုလီ၊ ကိုက်လန်များမှာ သွေးဆဲလ်အသစ်များ တည်ဆောက်ပေးနိုင်သော ကလိုရိုဖီးလ်အပြည့်အဝပါဝင်နေပြီး အဆုတ်အတွင်းရှိသွေးများကို သန့်စင်စေသည်။ ယင်းဟင်းရွက်များက အဆုတ်ကင်ဆာဖြစ်ပွားနိုင်မည့် အလားအလာကို ထက်ဝက်လျှော့ချပေးနိုင်သည်။ ကြက်သွန်အဖြူ နှင့် ကြက်သွန်နီတို့က နှလုံးနှင့် အဆုတ် အတွက် အထူးကောင်းမွန်သည်။ သန့်ရှင်းသောသောက်ရေကို များများသောက်ပါ။ သန့်ရှင်းစင်ကြယ်သောရေက အဆုတ်၏ရေဓာတ်ကိုထိန်းသိမ်းပေးပြီး၊ ချွဲ၊ သလိပ်၊ နှပ်၊ နှာရည် စသည့် စွန့်ပစ်ပစ္စည်းများကို အလွယ်တကူယိုစိမ့်ထွက်ရှိလာပြီး အဆုတ်ကိုသန့်စေသည်။ သကြားမုန်လာဥ (ခေါ်) မုန်လာဥနီအလုံး (ခေါ်) Beet Root စားပါ။ (သကြားမုန်လာဥကို မြန်မာပြည် ၏ အေးမြစိုစွတ်သော ရှမ်းပြည်နယ်ဒေသများတွင်သာ တွေ့ရတတ်ပြီး၊ အောက်မြန်မာပြည်တွင် တွေ့မြင် ရခက်ခဲသည်။ ယင်းအရောင်က သွေးနီရောင် (သို့မဟုတ်) ခရမ်းနီရောင်ဖြစ်ပြီး၊ ဓားဖြင့်လှီးဖြတ်လိုက်သောအခါ သွေးရည်ကြည်ကဲ့သို့ နီနီရဲရဲအရည်ရွှမ်းသည်။ ဥပုံစံက ကြက်သွန်နီကဲ့သို့လုံးဝိုင်း၍ အပေါ်ယံအခွံ အထပ် အထပ်ကလေးတွေဖြစ်နေပြီး၊ လက်သီးဆုပ်ခန့်အရွယ်အစားမျိုးဖြစ်သည်။ ဥ၏ထိပ်ပိုင်းမှာ အစိမ်းရင့်ရောင် (သို့မဟုတ်) စိမ်းညိုရောင်သန်းသော ရိုးတံရှည်နှင့်အတူ အရွက်ဖားဖားများပါရှိနေသည်။ စပျစ်သီး၊ စပျစ်သီးဖျော်ရည်၊ စပျစ်ဝိုင်သောက်ပါ။ မာလကာရွက် ပြုတ်ရည် သောက်ပါ။ သခွားမွှေးသီးစားပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျူးဖူး၊ ကြက်သွန်မြိတ်တို့ကလည်းအသက်ရှူလမ်းကြောင်းဆိုင်ရာအင်္ဂါအဖွဲ့အစည်းများကိုလွန်စွာကောင်းကျိုးပြုသည်။ အချုပ်အားဖြင့်ဆိုသော်“ရောဂါဖြစ်မလာအောင် ကြိုတင်ကာကွယ်ခြင်းသည် ရောဂါဖြစ်လာမှကုသခြင်း ထက် သာလွန်ကောင်းမွန်၏” ဟူသော ဆောင်ပုဒ်နှင့်အညီ သက်ဆိုင်ရာကျန်းမာရေးအဖွဲ့အစည်းများမှ သတိပေးနှိုးဆော်ချက်များအတိုင်း ပြည်သူလူထုတစ်ရပ်လုံးက အသိ၊ သတိဖြင့် လိုက်နာကြစေလိုပါကြောင်း နှင့် ယခုလိုအရေးကြီးကာလအတွင်း အသက်ရှူလမ်းကြောင်းသန့်စင်စေမည့် အစားအစာလေးများကို ရွေးချယ်စားသုံးရင်း သက်ရှည်ကျန်းမာကြပါစေကြောင်းထပ်လောင်း၍ အကြံပြုလိုက်ရပါသည်။ ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ