နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူသားစွမ်းရည်ပြည့်ဝရေး အစဉ်ကြိုးပမ်း

ယနေ့အချိန်တွင် သိပ္ပံနှင့်နည်းပညာများ တစ်နေ့တခြား တိုးတက်ပြောင်းလဲလျက်ရှိရာ တိုးတက်မှုကိုအမီလိုက်နိုင်ရန် ယနေ့လူငယ်လူရွယ်များသည် သာမန် တတ်မြောက်သည်နှင့် တင်းတိမ်မနေဘဲ အစဉ်ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သည်။

အသိပညာ၊ ဗဟုသုတနှင့်ဉာဏ်ရည်ဉာဏ်သွေးများ မြင့်မား တိုးတက်လာစေရန်အတွက် ကျောင်းသင်ပညာများကို စဉ်ဆက် မပြတ်ဆည်းပူးနေရမည်။ ပညာဆည်းပူးခြင်းဖြင့် အကောင်း အဆိုး၊ ဆင်ခြင်တုံတရားနှင့်ဆန်းသစ်မှုတို့ကို ရှာဖွေနိုင်မည်။

ယနေ့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လူ့စွမ်းအားအရင်းအမြစ်ကို အသုံးချရာတွင် လူများအား အတတ်ပညာ၊ နည်းပညာ၊ကျွမ်းကျင်မှု ပြည့်ဝအောင်လေ့ကျင့် သင်ကြားပေးရုံမျှဖြင့် မလုံလောက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်စွမ်းဆောင်လိုသည့် တက်ကြွသောအင်အားများဖြစ်လာစေ ရန်လည်း ပြုလုပ်ပေးရန်လိုသည်ဟု ပညာရှင်များကဆိုသည်။

 နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံသူ၊ နိုင်ငံသားများအား၊ ပြည်တွင်း၊ ပြည်ပ၌ အလုပ်အကိုင်များတိုးတက်ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ အရွယ်ရောက်သူတိုင်း ကောင်းမွန်သည့် လုပ်ငန်းခွင်ဝင်ရောက်နိုင်ရန်  အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖန်တီးပေးရန်လိုအပ်သည်။ အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖန်တီးပေးခြင်းဖြင့် ပြည်သူတို့၏ လူနေမှုစနစ်ကို မြှင့်တင်ပေးနိုင် မည်ဖြစ်သည်။

 လူနေမှုအဆင့်အတန်းမြင့်မားလာသည်နှင့် ဆင်းရဲမှုလျှော့ချ ရေးလုပ်ငန်းစဉ်များကို အထောက်အကူပြုမည်ဖြစ်သည်။ ပြည်တွင်း ကုန်ထုတ်စွမ်းအားစုများတွင် မိမိတို့၏အလုပ်ကို ကာယ၊ ဉာဏ အစွမ်းအစများစိုက်ထုတ်ကာ ဇွဲရှိရှိဖြင့်စိုက်လိုက် မတ်တပ် ဆောင်ရွက်လုပ်ကိုင်ကြရမည်ဖြစ်သည်။ သစ်ဆွဲဆင်များကဲ့သို့ သစ်စက်မှ အလုပ်နား ဥဩဆွဲပါက ရောက်ရာနေရာ၊ လုပ်ငန်းခွင်မှ သစ်လုံး ပစ်ချထွက်ခွာသွားသည့်သစ်ဆွဲဆင်များ မဖြစ်သင့်ပါ။

ကုန်သွယ်မှု၊ စိုက်ပျိုးရေး၊ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူများ အပြင်  နိုင်ငံ့ဝန်ထမ်းများအဖြစ် လုပ်ကိုင်ကြရာတွင် အရှိန်အဟုန် မြင့်မားသည့် ဖွံ့ဖြိုးတိုးတက်မှုများရရှိအောင်လုပ်ကိုင်ကြရာတွင် အားပေးချီးမြှင့်မှု၊ အခွင့်အလမ်းဖန်တီးပေးမှုများက  ကြောင်းကျိုး ဆီလျော်စွာပါဝင်နေသည်။

 နိုင်ငံတစ်နိုင်ငံတွင် အဓိကလိုအပ်ချက်မှာ လူသားအရင်း အမြစ်၊ အတတ်ပညာ၊ ဓနအင်အား၊ သဘာဝသယံဇာတတို့ဖြစ် သည်။ မိမိဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာ၊ အတတ် ပညာများကို လေ့လာယူလိုက်နာပြီး ကြိုးစားအားထုတ်ကာ ဖိဖိစီးစီးလုပ်ကိုင်ကြခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်  အထောက်အကူဖြစ်စေသည်။ သို့ဖြစ်ရာ အလုပ်လုပ်ကိုင်ရာတွင် အောင်မြင်မှုရရှိရေးအတွက် လူသားသည်သာ ပဓနကျသည်ဟု ဆိုချင်ပါကြောင်း။   ။






အခြားဆက်စပ်သတင်းများ