နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဆင်နယ် ကစားသမား တာဗာရက်စ်ကို နော်တင်ဟမ်အသင်း အငှားစာချုပ်ဖြင့် ခေါ်ယူ

စက်တင်ဘာ  ၁

နော်တင်ဟမ်အသင်းသည် ခံစစ် ပိုင်းလိုအပ်ချက်အတွက် အာဆင်နယ် အသင်း ခံစစ်ကစားသမား တာဗာ ရက်စ်ကို တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူရန်  သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။

ဘယ်တောင်ပံ ခံစစ်ကစားသမား တာဗာရက်စ်သည် ၂၀၂၁ ခုနှစ်က ဘင်ဖီကာအသင်းမှ အာဆင်နယ် အသင်းသို့ ပြောင်းရွှေ့ရောက်ရှိခဲ့ပြီး နောက် အသင်းနှင့်တစ်ရာသီသာ ပူးပေါင်းခွင့်ရခဲ့ရာတွင် ပြိုင်ပွဲစုံ ၂၈ ပွဲ ပါဝင်ခွင့်ရခဲ့ပြီး သွင်းဂိုးတစ်ဂိုးသွင်းယူ နိုင်ခဲ့သဖြင့် ပြီးခဲ့သည့်ဘောလုံးရာသီ က မာဆေးအသင်း သို့  အငှားစာချုပ်ဖြင့် သွားရောက်ကစားခဲ့ရပြီး ယခုနှစ် ဘောလုံးရာသီတွင် နော်တင်ဟမ် အသင်းသို့ အငှားစာချုပ်ဖြင့် ထပ်မံ စေလွှတ်ခံခဲ့ရသည်။

အသက် ၂၃ နှစ်အရွယ်ရှိ တာဗာ ရက်စ်သည် ပြီးခဲ့သည့် ဘောလုံး ရာသီက မာဆေးအသင်းတွင် ပြိုင်ပွဲ စုံ ၃၉ ပွဲ ပါဝင်ခဲ့ရာ သွင်းဂိုးခြောက်ဂိုး ထိသွင်းယူပြီး ခြေစွမ်းပြသနိုင်ခဲ့သော ကြောင့် ယခုအပြောင်းအရွှေ့ကာလ တွင် ဥရောပကလပ်အသင်းများအပါ အဝင် ပရီးမီးယား လိဂ်ကလပ်အေဗီလာ အသင်းနှင့် နော်တင်ဟမ်အသင်းတို့က ခေါ်ယူရန် အပြိုင်ကမ်းလှမ်းခဲ့သော် လည်း ကစားသမားအနေဖြင့် နော်တင် ဟမ်အသင်းသို့သာ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခြင်းဖြစ်သည်။

သူရိန်






အခြားဆက်စပ်သတင်းများ