နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချန်ပီယံလိဂ် အုပ်စုအဆင့်တွင် ပီအက်စ်ဂျီ၊ ဒေါ့မွန်၊ အေစီမီလန်နှင့် နယူးကာဆယ်အသင်းတို့ တွေ့ဆုံ

စက်တင်ဘာ  ၁

၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုမဲခွဲမှုအပြီး တွင် ပီအက်စ်ဂျီ၊ ဒေါ့မွန်၊ အေစီမီလန်နှင့် နယူး ကာဆယ်အသင်းတို့ ထိပ်တိုက် တွေ့ဆုံလျက်ရှိကြောင်း သိရသည်။

ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုမဲခွဲမှု အပြီးတွင် အုပ်စု A ၌ ဘိုင်ယန်မြူးနစ်၊ မန်ယူ၊ ကိုပင်ဟေဂင်နှင့် ဂါလာတာ စာရေးအသင်း၊ အုပ်စု B တွင် ဆီဗီလာ၊ အာဆင်နယ်၊ ပီအက်စ်ဗွီနှင့် လန်းစ်အသင်း၊ အုပ်စု C တွင် နာပိုလီ၊ ရီးရဲလ်မက် ဒရစ်၊ ဘရာဂါနှင့် ယူနီယံဘာလင်အသင်း၊ အုပ်စု D တွင် ဘင်ဖီကာ၊ အင်တာမီလန်၊ ဆဲလ်ဘတ်နှင့် ဆိုစီဒက်အသင်းတို့ တွေ့ဆုံကြသည်။

ထို့ပြင် အုပ်စု E တွင် ဖီယင်နု၊ အေတီကို၊ လာဇီယိုနှင့် ဆဲလ်တစ် အသင်း၊ အုပ်စု F တွင် ပီအက်စ်ဂျီ၊ ဒေါ့မွန်၊ အေစီမီလန်နှင့် နယူးကာဆယ် အသင်း၊ အုပ်စု G တွင် လက်ရှိချန်ပီယံ မန်စီးတီး၊ လိုက်ပ်ဇစ်၊ ဇီဗက်ဒါနှင့် ယန်း ဘွိုင်းအသင်း၊ အုပ်စု H တွင် ဘာစီလိုနာ၊ ‌ပေါ်တို၊ ရှက်တာဒိုးနက်စ်နှင့် အန်ဒါဝပ် အသင်းတို့ တစ်အုပ်စုတည်း ကျရောက် လျက်ရှိသည်။

၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပြိုင်ပွဲဝင် ၃၂ သင်းဖြင့် အုပ်စုရှစ်စုခွဲကာ ကျင်းပ သွားမည်ဖြစ်ပြီး အုပ်စုပွဲစဉ်များကို စက်တင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် စတင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

သူရိန်






အခြားဆက်စပ်သတင်းများ