နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူမှုစီးပွားဘဝတိုးတက်ရေး ပူးပေါင်းပါဝင်လုပ်ဆောင်ပေး

သမဝါယမသည်  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတွင် ၁၉၀၅ ခုနှစ်၌ မြင်းမူမြို့မှစတင်ခဲ့ပြီး သမဝါယမစနစ်သည် ကိုယ့်အားကိုယ်ကိုးခြင်း၊ ကိုယ်တိုင်တာဝန်ယူဆောင်ရွက်ခြင်း၊ အများဆန္ဒနှင့်အညီ စီမံခန့်ခွဲခြင်း၊ တန်းတူညီမျှခြင်း၊  တရားမျှတ ခြင်း၊ စည်းလုံးညီညွတ်ခြင်းတို့ဖြင့် ဆောင်ရွက်ရသည်။

 ကမ္ဘာပေါ်တွင် သမဝါယမလုပ်ငန်းများလုပ်ဆောင် အောင်မြင်နေသောနိုင်ငံများတွင် စက်မှုထွန်းကားသောနိုင်ငံကြီး များဖြစ်ကြသည့် အမေရိကန်၊ ဂျပန်၊ တရုတ်တို့ လည်းပါဝင်သည်။

နိုင်ငံတော်အကြီးအကဲက နိုင်ငံတိုးတက်အောင်ဆောင်ရွက် ရာတွင် နိုင်ငံသားများ၏ အခြေခံလူမှုစီးပွားဘဝများတိုးတက် စေရန်အတွက် လူတိုင်းကျန်းမာရေးကောင်းမွန်ရန်၊ ပညာရေး ကောင်းမွန်ရန်နှင့် အလုပ်အကိုင်များရရှိပြီး လူတိုင်းဝင်ငွေရရှိ အောင်၊ ဆင်းရဲမွဲတေမှုလျှော့ချနိုင်အောင် ဆောင်ရွက်ပေး  ရန်လိုကြောင်း၊   MSME  လုပ်ငန်းများသည် မိမိတို့နိုင်ငံ၏ စီးပွားရေး  လုပ်ငန်းများတွင် အခြေခံအကျဆုံးလုပ်ငန်းများ ဖြစ်သဖြင့် ကုန်ကြမ်းသေချာသည့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသော MSME  လုပ်ငန်းများကိုဆောင်ရွက်မည်ဆိုပါက ပြည်နယ် အစွန်အဖျားပါမကျန် နိုင်ငံတစ်ဝန်းအကြားအလပ်မရှိ ဆောင်ရွက် နိုင်မည်။  ထိုသို့ဆောင်ရွက်ခြင်းဖြင့် ဝင်ငွေများတိုးတက်ကာ ပြည်သူများ၏ စီးပွားရေးများကောင်းမွန်လာမည်ဖြစ်သဖြင့် ၎င်းမှတစ်ဆင့် ကျန်းမာရေးနှင့်စားသောက်နေထိုင်ရေးတို့ကို မြှင့်တင်ပေးနိုင်မည်ဟု ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် ၄/၂၀၂၃ ကို ဩဂုတ် ၃၀ ရက်က နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးအစည်းအဝေးခန်းမ၌ကျင်းပရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ကုန်ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများကို နည်းပညာများနှင့် ပေါင်းစပ်ထုတ်လုပ်သွားရာတွင် အနာဂတ်စီးပွားရေးအခွင့်အလမ်း များ တိုးတက်လာသကဲ့သို့ ယှဉ်ပြိုင်မှုစွမ်းအားများလည်း ကြီးထွား လာမည်ဖြစ်သည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့်  သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်ခဲ့သော ခေတ်မီစံပြကျေးရွာထူထောင်ခြင်း စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကျေးလက်နေ တစ်မိသားစုဝင်ငွေတိုးပွားရေး မိုးစပါးအပြီးဆောင်းသီးနှံနှင့် နွေသီးနှံများ စိုက်ပျိုးနိုင်ရေးလိုအပ်သည့် မျိုးကောင်းမျိုးသန့်၊ သွင်းအားစုများနှင့်နည်းပညာများ ကူညီဆောင်ရွက်ပေးလျက်ရှိရာ ကျေးရွာများရှိ စိတ်တူကိုယ်တူဆန္ဒတူသူများစုပေါင်း၍ သမဝါ ယမအသင်းထူထောင်ပြီး စီးပွားဖြစ်လယ်ယာကုန်ထုတ်လုပ်ငန်း များလာရေး ကျေးရွာသူ၊  ကျေးရွာသားများအားလုံး ပူးပေါင်းလုပ် ဆောင်ကြရန်လိုအပ်ရာ နိုင်ငံ့စီးပွား‌မြှင့်တင်ရေး ရန်ပုံငွေမှ သွင်းအားစုများ ထောက်ပံ့ခြင်းဖြင့် နိုင်ငံတစ်ဝန်းဖွံ့ဖြိုးလာအောင်  ဆောင်ရွက်စေချင်ကြောင်း။    ။






အခြားဆက်စပ်သတင်းများ