နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
KBZ mBanking ကို version အသစ် အဆင့်မြှင့်တင်ဆောင်ရွက်ရမည်

ရန်ကုန်၊ ဇွန် ၂၄


KBZ mBanking အသုံးပြုသူများအနေဖြင့် ဇွန် ၂၅  ရက်နောက်ဆုံးထားပြီး အဆင့်မြှင့်တင်ဆောင်ရွက် ရမည်ဖြစ်ကြောင်း KBZ က ထုတ်ပြန်ကြေညာထားသည်။  

KBZ mBanking အသုံးပြုကြသော iOS user များအနေဖြင့် အက်ပလီကေးရှင်းအသုံးပြုရာတွင် အခက်အခဲမရှိ၊ အဆင်ပြေချောမွေ့နေစေရန် ဇွန် ၂၅ ရက်နောက်ဆုံးထား၍ မိမိတို့၏ mBanking ကို version အသစ် 3.3.1 သို့ အဆင့်မြှင့်တင်ပေးကြရမည်ဖြစ်သည်။ 

ဘဏ်ဝန်ဆောင်မှုဆိုင်ရာအတွက် ၂၄ နာရီ ဝန်ဆောင်မှုပေးသော call Center ( 09-951018555 ) သို့ ဖုန်းဆက်၍လည်းကောင်း၊ Email: customer_service@kbzbank.com သို့ မေးလ်ပေးပို့၍လည်းကောင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။

(WP)






အခြားဆက်စပ်သတင်းများ