နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စပိန် ခံစစ်ကစားသမား ဂျော်ဒီအယ်လ်ဘာ လက်ရွေးစင်ကစားသမားဘဝမှ အနားယူ

ဩဂုတ်  ၃၁

စပိန်လက်‌ရွေးစင် ခံစစ်ကစား သမားဂျော်ဒီအယ်လ်ဘာသည် နိုင်ငံ တကာပြိုင်ပွဲကာလ မတိုင်မီနိုင်ငံ့လက် ရွေးစင် ကစားသမားဘဝမှ အနားယူ ကြောင်း ထုတ်ပြန်ကြေညာသည်။

ဂျော်ဒီအယ်လ်ဘာကို စပိန်လက် ရွေးစင်အသင်းက လာမည့် စက်တင်ဘာ ၈ ရက်က ကစားရမည့် ယူရိုခြေစစ် ပွဲလူစာရင်းတွင် ခေါ်ယူခဲ့သော်လည်း ကစားသမားအနေဖြင့် ငြင်းဆိုခဲ့ပြီး နိုင်ငံအသင်း ကစားသမားဘဝမှအနား ယူကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

အသက် ၃၄ နှစ်အရွယ်ရှိ ဂျော်ဒီ အယ်လ်ဘာသည် နိုင်ငံအသင်းအတွက် ၂၀၁၁ ခုနှစ်တွင် စတင်ပွဲထွက်ခွင့်ရရှိခဲ့ ကာ ပြိုင်ပွဲစုံ ၉၃ ပွဲ ပါဝင်ကစားခဲ့ရာတွင် သွင်းဂိုး ၁၀ ဂိုးနှင့် ဂိုးဖန်တီးမှု ၂၂ ကြိမ်ထိ ပြုလုပ်နိုင်ခဲ့ပြီး ၂၀၁၂ ခုနှစ် တွင် အသင်းနှင့်အတူ ယူရို ၂၀၁၂ ချန်ပီယံဆုဖလားနှင့် ၂၀၂၂-၂၀၂၃ ယူအီးအက်ဖ်အေနေးရှင်းလိဂ် ချန်ပီယံ ဆုဖလား ဆွတ်ခူးနိုင်ခဲ့သည်။

သူရိန်






အခြားဆက်စပ်သတင်းများ