နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗီးနပ်စ်ဂြိုဟ်တွင် သက်ရှိများရှိ မရှိ နာဆာသိပ္ပံပညာရှင် လေ့လာ

 ဝါရှင်တန် သြဂုတ် ၂၉

ဗီးနပ်စ်ဂြိုဟ် (သောကြာဂြိုဟ်)တွင် သက်ရှိဂြိုဟ်သားများ ရှိ၊မရှိ ကို နာဆာသိပ္ပံပညာရှင်များက ထုတ် ဖော်လျက်ရှိကြောင်း သိပ္ပံပညာရှင် ဒေါက်တာမစ်ရှဲလ်သောလာက ပြော သည်။

ဗီးနပ်စ်ဂြိုဟ်သည် အပူချိန် ၄၇၅ ဒီဂရီဆဲလ်စီးယပ်စ်ရှိပြီး အက်ဆစ် ဓာတ်များသည့် ပတ်ဝန်းကျင်ဖြစ်သော် လည်းဂြိုဟ်သားများသည် ဗီးနပ်စ် ဂြိုဟ်တွင် ခိုအောင်းနေနိုင်ပြီး လူသား များ မနေနိုင်လောက်သည့် ပတ်ဝန်း ကျင်မျိုးတွင် နေထိုင်နိုင်ကြောင်း ဒေါက်တာသောလာက ဆိုသည်။ 

 နက္ခတ္တဗေဒပညာရှင်များကမူ ဗီးနပ်စ်ဂြိုဟ်သည် ကမ္ဘာဂြိုဟ်နှင့် တည်ဆောက်ပုံ အရွယ်အစား ဆင်တူ သော်လည်း လူသားများသည် ယင်း ဂြိုဟ်တွင် အသက်ရှင်နေထိုင်ရန် မဖြစ်နိုင်ကြောင်း ပြောသည်။ 

သက်ရှိဖြစ်လာရန် ဓာတုဓာတ်ပြုမှု အရ အရည်လိုအပ်ပြီး ဂြိုဟ်သားများ ရှာဖွေရန်အတွက် အရည်နှင့်ကျောက် ဖြစ်ရုပ်ကြွင်းများကိုတွေ့ရှိရန် လိုအပ် ကြောင်း၊ထို့ကြောင့် ဗီးနပ်စ်ဂြိုလ်တွင် သက်ရှိများ ရှိနိုင်သည်ဟု နာဆာ၏ လေ့လာချက်များသည် မရေရာကြောင်း လန်ဒန်တက္ကသိုလ်ကောလိပ် နက္ခတ္တ ဇီဝပညာရှင် ပရော်ဖက်ဆာ ဒိုမီနစ် ပါပီနော့ က ဆိုသည်။ 

(ref: Daily Mail)






အခြားဆက်စပ်သတင်းများ