နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စင်ကာပူနှင့် တရုတ် ၁၀ ရက်ကြာ စစ်ရေးပူးတွဲ လေ့ကျင့်မှု ပြုလုပ်မည်

စင်ကာပူ သြဂုတ် ၂၉

 စင်ကာပူတပ်မတော်နှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် တို့သည် ကိုဗစ်ကာလ နောက်ပိုင်း ပထမဆုံးအကြိမ် ပူးတွဲ စစ်ရေး လေ့ကျင့်မှုကို စက်တင်ဘာ ၁ ရက်ကစ၍ နှစ်ပတ်ကြာ ပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။

စင်ကာပူ ကာကွယ်ရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ အဆိုပါ စစ်ရေး လေ့ကျင့်မှုသည် မြို့ပြ အကြမ်းဖက်မှုနှိမ်နင်းရေး စစ်ဆင် ရေးဖြစ်ပြီး လက်နက်ငယ် တိုက်ရိုက် ပစ်ခတ်ခြင်းကဲ့သို့ နည်းဗျူ ဟာဆိုင်ရာ လေ့ကျင့်မှုများပါဝင်ကြောင်း သိရ သည်။

ပူးတွဲစစ်ရေး လေ့ကျင့်မှုသည် နိုင်ငံခြားတိုင်းပြည်များနှင့် အပြန်အလှန် ပူးပေါင်းဆောက်ရွက်မှု တိုးမြှင့်ရန် ရည်ရွယ်ထားသည့် စင်ကာပူ၏ ကြိုးပမ်း မှု တစ်စိတ် တစ်ပိုင်းဖြစ်ပြီး နှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေး ပိုမိုအားကောင်းစေရန် ရည်ရွယ် ကြောင်း ဝန်ကြီး ဌာနက ပြောသည်။                        

(ref: CNN)






အခြားဆက်စပ်သတင်းများ