နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဖဂန် နာမည်ကြီးအမျိုးသားဥယျာဉ် အမျိုးသမီးများလည်ပတ်ခွင့် တာလီဘန် ပိတ်ပင်

ကဘူးလ် သြဂုတ် ၂၉

အာဖဂန်နစ္စတန်နိုင်ငံ ဘာမီယန် စီရင်စုရှိ နာမည်ကျော် ဘန်အီအမီရာ အမျိုးသားဥယျာဉ်သို့ အမျိုးသမီး များ လာရောက်လည်ပတ်ခွင့်ပိတ်ပင် မည်ဖြစ်ကြောင်း တာလီဘန် အစိုးရက သြဂုတ် ၂၈ ရက်က လုံခြုံရေး တပ်ဖွဲ့ များကို ညွှန်ကြားလိုက်သည်။

 ပန်းခြံသို့လာရောက်သည့် အမျိုး သမီးများသည် မှန်ကန်သည့်ဟာ့ဂ်ျကို ဝတ်ဆင်ထားခြင်း မရှိကြောင်း၊ ထို့ပြင် ရှုခင်းများ ကြည့်ရှု ခံစားခြင်းသည်လည်း အမျိုးသမီးများနှင့် မသက်ဆိုင်ကြောင်း တာလီဘန် ဝန်ကြီးချုပ် မိုဟာမက်ခါ လစ်ဒ်ဟာနာဖီက ပြောသည်။

အမေရိကန်တပ်များ အာဖဂန်က ထွက်သွားပြီးနောက် ၂၀၂၁ ခုနှစ် ဩဂုတ်ကစ၍ အာဏာရလာသော တာလီဘန်များသည် အမျိုးသမီးနှင့် မိန်းကလေးများအပေါ် ကန့်သတ်ချက် အမြောက်အမြား ပြုလုပ်လျက်ရှိပြီးအမျိုးသမီးများကို ပန်းခြံများ အပါအဝင် အများပြည်သူနှင့်ဆိုင်သည့် နေရာများ အသုံးပြုခြင်းကို တားမြစ်ထားသည်။

 ဘန်အီအမီရာဥယျာဉ်သည် အပြာရောင် ရေကန်များကြောင့်နာမည် ကျော်ပြီး ၂၀၀၉ ခုနှစ်တွင် အာဖဂန် နစ္စတန်၏ ပထမဆုံး အမျိုးသား ဥယျာဉ်ဖြစ်လာကာ နှစ်စဉ်ထောင် ပေါင်းများစွာသော ခရီးသွားများကို ဆွဲဆောင်သည့် နေရာတစ်ခုအဖြစ် ထင် ရှားသည်။                     

(ref: AFP)






အခြားဆက်စပ်သတင်းများ