နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရိုမေးနီးယား ရေနံဓာတ်ငွေ့ရည် အရောင်းဆိုင် ပေါက်ကွဲမှုနှစ်ကြိမ် ဆက်တိုက် ဖြစ်ပွား

ဘူခါရက်စ် သြဂုတ် ၂၈

ရိုမေးနီးယားနိုင်ငံ ဘူခါရက်စ် မြို့တော်အနီးရှိ ခရက်ဗယ်ဒီရား ရပ်ကွက်ရှိ ရေနံဓာတ်ငွေ့ရည် အရောင်းဆိုင်တွင် သြဂုတ် ၂၇ ရက်က ပေါက်ကွဲမှု နှစ်ကြိမ်ဆက်တိုက် ဖြစ်ပွားပြီး လူတစ်ဦးသေဆုံးကာ  ၄၆ ဦး ဒဏ်ရာရထားကြောင်း သိရသည်။ 

ပထမအကြိမ် ပေါက်ကွဲမှုဖြစ်ပွားပြီး နောက် အနီးရှိ နေအိမ်တစ်လုံးနှင့် ဓာတ်ငွေ့တိုင်ကီနှစ်လုံးကိုပါ မီး ကူးစက်သွားသည့်အတွက် မီတာ ၃၀၀ အချင်းဝက် အတွင်းရှိ နေထိုင် သူ များကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးထားရသည်။

ယင်းသို့ ပြောင်းရွှေ့ပြီး နာရီပိုင်း အကြာမှာပင် ဒုတိယအကြိမ် ပေါက်ကွဲမှု ဖြစ်ပွားခြင်းကြောင့် ဓာတ်ငွေ့ ဆိုင်ကို ရောက်ရှိ မီးငြှိမ်းနေ သည့် မီးသတ်သမား ၂၆ ဦးပါ ထိခိုက်ဒဏ်ရာရသွားကြောင်း ဒုတိယပြည်ထဲရေးဝန်ကြီး ရာ့တ် အာရာဖတ်က အတည်ပြုပြော ဆို သည်။

မီးငြှိမ်းသတ်ရာတွင် မီးသတ်ကား ၂၅ စီးအထိ အသုံးပြုရပြီး ယာဉ်အသွား အလာများကိုပါ ပိတ်ဆို့ထားရကြောင်း၊ ယခုဖြစ်ရပ်အတွင်း မီးလောင်ဒဏ်ရာ ပြင်းထန်စွာ ခံစားခဲ့ရသူ လေးဦးကို ဘယ်လ်ဂျီယံနှင့် အီတလီနိုင်ငံ ဆေးရုံ များအထိ လွှဲပြောင်းပေးရဖွယ် ရှိကြောင်း အရေးပေါ် အခြေအနေများဆိုင်ရာ အစိုးရအေဂျင်စီ (IGSU)က ပြောသည်။

(ref:Reuters)






အခြားဆက်စပ်သတင်းများ