နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယ ရထားပေါ် ဂက်စ်အိုးပေါက် လူ ကိုးဦးသေဆုံး

တမီးလ်နာဒူး သြဂုတ် ၂၈

အိန္ဒိယနိုင်ငံ တမီးလ်နာဒူးပြည်နယ် မာ့ဒူရိုင်မြို့တွင် ရထားတစ်စီးပေါ် ဂက်စ်အိုးပေါက်ပြီး မီးလောင်ခြင်း ကြောင့် လူ ကိုးဦး သေဆုံး သွားကြောင်း အာဏာပိုင်များက သြဂုတ် ၂၇ ရက်တွင် ပြောသည်။

ရထားပေါ်တွင် ခရီးသွားများ သယ်လာသည့် အအေးဖျော်ရာတွင် အသုံးပြုရသည့် ဂက်စ်အိုးကတစ်ဆင့် ပေါက်ကွဲမှုဖြစ်ပွားခြင်း ဖြစ်ပြီးပေါက် ကွဲမှုဖြစ်ချိန် ရထားပေါ်တွင် အူတာ ပရာဒေ့ရှ်ပြည်နယ်က လိုက်ပါလာသည့် ခရီးသွား ၅၀ ကျော်ရှိကြောင်း သိရ သည်။

အသက်ရှင်သူများသည် မီးလောင် နေသည့် ရထားတွဲတံခါးကိုဖျက်ခြင်း ကြောင့် အသက်ဘေးကလွတ်မြောက် လာခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိ သူများက ဆိုသည်။

လက်ရှိတွင် မီးလောင်ထားသည့် ရထားတွဲကို မာ့ဒူရိုင်မြို့ ဘူတာတွင် နှစ်ရက်ကြာ ထားရှိမည်ဖြစ်ပြီး ရထား ပေါ်တွင် ဂက်စ်အိုးကို သယ်လာခြင်း အတွက် အရေးယူမှုများ ဆောင်ရွက် မည်ဟု အာဏာပိုင်များက ပြောသည်။

အိန္ဒိယတွင် ပြီးခဲ့သည့်ဇွန်လက လည်း လူပေါင်း ၂၇၀ ကျော် သေဆုံး ခဲ့သည့် ရထားနှစ်စီး မတော်တဆ တိုက်မိမှုတစ်ခုဖြစ်ပွား ခဲ့သည်။ 

(ref:BBC)






အခြားဆက်စပ်သတင်းများ