နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန် ပြည်နယ်အချို့ အင်အားပြင်းမုန်တိုင်း ဝင်ရောက်

ဝါရှင်တန် သြဂုတ် ၂၈

 အမေရိကန်နိုင်ငံ မီချီဂန် ပြည်နယ်နှင့် အိုဟိုင်းယိုးပြည်နယ် တို့တွင် အင်အားပြင်း မုန်တိုင်းတစ်ခု ဝင်ရောက်ပြီးနောက် နေအိမ် ထောင်ပေါင်းများစွာ လျှပ်စစ်မီး ပြတ်တောက်ကြောင်း အာဏာပိုင် များက သြဂုတ် ၂၇ ရက်တွင် ပြောသည်။

မိုးလေဝသထုတ်ပြန်ချက်အရ အဆိုပါပြည်နယ်များတွင် မိုးသည်း ထန်စွာ ရွာသွန်းမှုနှင့်အတူ လျှပ်စီး လက်ခြင်းများဖြစ်ပေါ်ပြီး လူနေ ရပ်ကွက်များသည် အမှောင်ထု ကျ ရောက်လျက်ရှိသည်ကို မြင်တွေ့ရ ကြောင်း သိရသည်။

အမေရိကန်မီဒီယာများကမူ ပြင်းထန်သည့် မုန်တိုင်းအတွင်း လူပေါင်း ခြေက်သိန်းထက်မနည်း လျှပ်စစ်မီးမရှိဘဲ နေထိုင်နေရသည်ဟု ဖော်ပြထားသည်။

ထို့ပြင် မုန်တိုင်း တိုက်ခတ် ရာတွင်လည်း အနည်းဆုံးလူ လေးဦး အထိ သေဆုံးသွားကြောင်း ဒေသတွင်း မီဒီယာအချို့က ဖော်ပြသည်။

(ref: AFP)






အခြားဆက်စပ်သတင်းများ