နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဖရိကတွင် အားကစားကွင်းပြိုကျမှုကြောင့် ၁၃ ဦးသေဆုံး ကလေးငယ် ခုနစ်ဦးပါဝင်

အန်တန်နာနာရီ  ဩဂုတ် ၂၇

အာဖရိကအရှေ့ပိုင်းရှိ မာဒါ ဂက်စတာနိုင်ငံ၏ မြို့တော် အန်တန် နာနာရီဗိုတွင် သြဂုတ် ၂၆ ရက်က အားကစားကွင်းပြိုကျမှုကြောင့် လူ ၁၃ ဦးထက်မနည်းသေဆုံးပြီး သေဆုံးသူများတွင် ကလေးငယ် ခုနစ် ဦး ပါဝင်ကြောင်း ကယ်ဆယ်ရေး အဖွဲ့ များ၏ ပြောကြားချက်အရ သိရသည်။

လက်ရှိအချိန်ထိ လူပေါင်း ၁၀၇ ဦး ဒဏ်ရာရထားပြီး သေဆုံးသူအရေ အတွက်ကို အတည်ပြုနိုင်ခြင်း မရှိ သေးကြောင်း ကွင်းဆင်းဆောင်ရွက် နေသည့် ကယ်ဆယ်ရေးသမားတစ်ဦး က ပြောသည်။

ယခုဖြစ်စဉ်သည် “India Ocean Island Games” ဖွင့်ပွဲသို့ တက် ရောက်လာချိန် Borea အားကစား ကွင်းအဝင်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး အဆိုပါအားကစားကွင်းသို့ ပရိသတ် ပေါင်း ၅၀,၀၀၀ ကျော် စုဝေး ရောက်ရှိ ကာ  လာရောက်အားပေးချိန်ဖြစ် ကြောင်း သိရသည်။

ကွင်းပြိုကျမှုသည် မည်သည့် အတွက်ကြောင့်  ဖြစ်ရသည်ကို တိကျစွာ  မသိရသေးသော်လည်း သေဆုံးသူအရေအတွက် ဆက်လက် မြင့်တက်လာနိုင်ကြောင်း  ကြက်ခြေနီ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

India Ocean Island Games သည် အိန္ဒိယသမုဒ္ဒရာရှိ ကျွန်းနိုင်ငံ များတွင် လေးနှစ်တစ်ကြိမ် ကျင်းပ လေ့ရှိသည့်အားကစားပွဲများ ဖြစ်ပြီး အဆိုပါပြိုင်ပွဲများအား အပြည်ပြည် ဆိုင်ရာ အိုလံပစ်ကော်မတီ ဦးစီး၍ ၁၉၇၇ ခုနှစ်ကတည်းက ကျင်းပလာ ခြင်းဖြစ်သည်။

ရဲခေါင်(ref :AFP)






အခြားဆက်စပ်သတင်းများ