နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆွစ်ဇာလန် ရထားပေါ်တွင် ပိုင်ရှင်မဲ့ ရွှေချောင်းများ တွေ့ရှိ

ဘန်းန် ဩဂုတ် ၂၇

ဆွစ်ဇာလန်နိုင်ငံ ရထားပေါ်တွင် ပိုင်ရှင်မဲ့ ရွှေချောင်း ၁၂၀ ကို တွေ့ရှိ သဖြင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အသင်းထံသို့ လွှဲပြောင်းပေးအပ်လိုက် ကြောင်း ဆွစ်ဇာလန် အစိုးရရှေ့နေ များက ဩဂုတ် ၂၆ ရက် တွင်  ပြောသည်။

စိန့်ဂါလန်မှ လူဆန်မြို့သို့ သွား သည့် ရထားပေါ်တွင် ပိုင်ရှင်မဲ့အထုပ် တစ်ထုပ်ကို ရထားအမှုထမ်း တစ်ဦး က တွေ့ရှိခြင်းဖြစ်ပြီး အထုပ်ပေါ်တွင် အပြည်ပြည်ဆိုင်ရာ   ကြက်ခြေနီ ကော်မတီကို ရည်ညွှန်းထားသည့် စာသားကို ထင်ရှားစွာ ရေးသားထား ကြောင်း အာဏာပိုင်များ က ဆိုသည်။

အထုပ်ကို ဖွင့်ကြည့်ရာတွင် စုစုပေါင်း အလေးချိန် ၃ ဒသမ ၇ ကီလိုဂရမ်ရှိသည့်  ရွှေချောင်း ၁၂၀ ကို တွေ့ရပြီး ယင်းတို့သည် ၂၄ ကာရက် ရွှေချောင်းများဖြစ်ကြောင်း၊ တစ်ကီ လိုလျှင် အမေရိကန်ဒေါ်လာ ၆၀,၀၀၀ ဝန်းကျင် ပေါက်စျေးရှိကြောင်း သိရ သည်။

လက်ရှိတွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့အနေဖြင့် ယင်းရွှေ များကို လက်ခံရယူထားခြင်း မရှိသေး သော်လည်း အကြမ်း ဖက်မှုနှင့် ပဋိပက္ခ ဖြစ်ပွားရာနေရာများကို ကူညီရန် အတွက် ရန်ပုံငွေရရှိရန်ရွှေချောင်း များကို ရောင်းချရန် ရည်ရွယ်ထား ကြောင်း ပြောသည်။


(ref; CNA)






အခြားဆက်စပ်သတင်းများ