နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗီယက်နမ်၏ နာမည်ကျော် 'Kissing Rocks'' ကျောက်ဆောင် နှစ်ခု ပြိုကျနိုင်ခြေ ရှိနေ

ဟနွိုင်း ဩဂုတ် ၂၅

ဗီယက်နမ်နိုင်ငံ ဟလောင်း ပင်လယ်အော်ရှိ နာမည်ကျော် ''Kissing Rocks'' ကျောက်ဆောင်နှစ်ခုသည် ပြိုကျလာနိုင်သည့် အန္တရာယ်နှင့် ကြုံတွေ့နေရကြောင်း ဗီယက်နမ်နိုင်ငံ ဘူမိသိပ္ပံနှင့် သယံဇာတသိပ္ပံဌာနက သြဂုတ် ၂၄ ရက်တွင် ထုတ်ပြန်သည်။

ကျွန်းငယ် ရာပေါင်းများစွာရှိသည့် ဟလောင်းပင်လယ်အော်သည် ဗီယက် နမ်နိုင်ငံ၏ အထင်ကရ နေရာတစ်ခု ဖြစ်ပြီး  ၂၀၁၉ ခုနှစ်က ခရီးသည် လေးသန်းအထိ  လာရောက်ခဲ့ကာ ကျောက်ဆောင်များသည် အနမ်းခြွေနေသည့် ပုံစံဖြစ်တည်နေခြင်းကြောင့် ခရီးသွားများကြား ရေပန်းစားခြင်း ဖြစ်ကြောင်း သိရသည်။ 

ပင်လယ်ရေမျက်နှာပြင် မြင့်တက် လာပြီး ငါးဖမ်းစက်လှေများ အနီးကပ် ဖြတ်သန်းနေခြင်းကြောင့် ကျောက် ဆောင်နှစ်ခု  တိုက်စားခံနေရခြင်း ဖြစ်ကြောင်း ကျွမ်းကျင်ပညာရှင်များ က အစီရင်ခံစာ ထုတ်ပြန်ရေးသားထားသည်။

တရားမဝင် ငါးဖမ်းမှုနှင့် စည်းမျဉ်း မညီညွတ်သည့် ခရီးသွားလုပ်ငန်းများ သည် ကျောက်ဆောင်များ တိုက်စားမှု ကို အရှိန်မြင့်စေသဖြင့် စက်လှေများ ကို မောင်းနှင်ခွင့်ပြုမည့် ကန့်သတ်ချက် များအပါအဝင် စည်းမျဉ်းသစ်များ ပြဌာန်းရမည်ဖြစ်ကြောင်း ဗီယက်နမ် နိုင်ငံ ဘူမိသိပ္ပံနှင့် သယံဇာတသိပ္ပံဌာန အရာရှိ ဟိုတီယန်ချန်းက ပြောသည်။                                      

 (ref: CNN)






အခြားဆက်စပ်သတင်းများ