နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တီယန်ကျင်းမြို့ရှိ ၂၆ ထပ်ရုံး မီးလောင်မှုဖြစ်ပွား

တီယန်ကျင်း ဩဂုတ် ၂၅

တရုတ်နိုင်ငံ တိယန်ကျင်းမြို့တွင် ၂၆ ထပ် ရုံးအဆောက်အအုံတစ်ခု၏ ပင်မဒေါက်တိုင်တစ်ခု မီးစွဲလောင်ပြီး မီးခိုးများ အူထွက်လာကာ မီးလောင် မှုဖြစ်ပွားကြောင်း အာဏာပိုင်များက သြဂုတ် ၂၄ ရက်တွင် ပြောသည်။

အဆိုပါ ရုံးအဆောက်အအုံ နံရံများကို မီးလောင်မှုဖြစ်ပြီး နောက် ပင်မဒေါက်တိုင်ကိုပါ ထပ်ဆင့် မီးကူး စက်ကာ အဆောက်အအုံ တစ်ခုလုံး မီးလောင်ကျွမ်းသွားခြင်း ဖြစ်ကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြ သည်။

မီးလောင်မှုဖြစ်သည့် နေရာသည် နန်ကျင်းလမ်းမကြီးပေါ်ရှိ ရှင်ကျန်းဒီ ဟုခေါ်သော အဆောက်အအုံကြီး ဖြစ်ကြောင်း၊  မီးငြှိမ်းသတ်ရန်မီးသတ် ဌာန ၂၃ ခုမှ မီးသတ်ကား ၆၂ စီး၊ တပ်ဖွဲ့ ဝင် ၂၈၀ ကျော် စေလွှတ်ငြှိမ်း သတ်ရကြောင်း တိယန်ကျင်းမီးသတ် တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ မီးလောင်မှုဖြစ်ပွားသည့်  ရှင်ကျန်း ဒီ ရုံးအဆောက်အအုံသည် အလွှာ ပေါင်း ၂၆ လွှာနှင့် မြေအောက်ထပ် ပါဝင်သည့် အဆောက်အအုံ ဖြစ်ပြီး အဆောက်အအုံ မီးလောင်မှု အတွင်း ပိတ်မိသူနှင့် ထိခိုက်ဒဏ်ရာ ရသူ တစ်စုံတစ်ရာ မရှိကြောင်း သိရသည်။

(ref:XinhuaNet)






အခြားဆက်စပ်သတင်းများ