နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်သံအမတ် ဖူကူရှီးမားနျူစက်ရုံသို့ သွားမည်

ဝါရှင်တန် ဩဂုတ် ၂၅

ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ရမ်အီမန်နျူရယ်သည် ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်းရှိ ဖူကူ ရှီးမားစက်ရုံသို့ သြဂုတ် ၃၁ ရက်တွင် သွားရောလည်ပတ်မည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့လည်ပတ်စဉ်တွင် ဖူကူ ရှီးမားနျူစက်ရုံမှ သန့်စင်ထားသော ရေများကို ပင်လယ်ထဲသို့လွှတ်ထုတ်ရန်ဆုံးဖြတ်ချက်အား ထောက်ခံမည်ဖြစ်ပြီး အဆိုပါဒေသရှိ ငါးကိုစားသုံးကာ ရေဆိုး စွန့်ထုတ်မှုနှင့်ပတ်သက်၍ ဘေးကင်း ကြောင်း သက်သေပြရန် စီစဉ်ထား သည်ဟု သံရုံးတာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထို့ပြင် ခရီးစဉ်အတွင်း ဒေသခံ ငါးဖမ်းသမားများ၊ ဒေသခံများ အပါ အဝင် တာဝန်ရှိသူများနှင့် တွေ့ဆုံ မည်ဖြစ်ပြီး ဂျပန်နိုင်ငံ၏ နည်းလမ်း တကျ လုပ်ဆောင်နေသည့် လုပ်ငန်း စဉ်အပေါ် ယုံကြည်မှု ပြသမည်ဖြစ် ကြောင်း ဝန်ကြီးက ဆိုသည်။ အထူး သဖြင့် ၎င်း၏ခရီးစဉ်၌ နျူစက်ရုံ ဒေသ အနီးတစ်ဝိုက်မှ ဖမ်းမိပြီး ချက် ပြုတ်ထားသောငါးများကို စားသောက် ခြင်း၊ ပင်လယ်စာဈေးသို့ လည်ပတ် ခြင်းတို့ ပါဝင်ကြောင်း သိရသည်။ 

ဖူကူရှီးမားနျူဓာတ်အားပေးစက် ရုံမှ ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ ရေထုတ် လွှတ်ခြင်းအတွက် ဂျပန်နိုင်ငံ၏ လုပ်ငန်းစဉ်သည် ပွင့်လင်းမြင်သာမှု၊ သိပ္ပံနည်းကျအခြေခံပြီး နိုင်ငံတကာ အသိအမှတ်ပြုမှု အပြည့်အဝရှိ သည် ဟုယုံကြည်ကြောင်း ဝန်ကြီးရမ် အီမန် နျူရယ်က ပြောသည်။

(ref: Kyodo News)






အခြားဆက်စပ်သတင်းများ