နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယ၏ မြို့ကြီးများတွင် လျှပ်စစ်ဘတ်စ်ကားများ ပြေးဆွဲမည်

နယူးဒေလီ ဩဂုတ် ၂၅

အိန္ဒိယနိုင်ငံ၏ မြို့ကြီးများတွင် လျှပ်စစ်ဘတ်စ်ကားများ ပြေးဆွဲနိုင် ရန် အိန္ဒိယဗဟိုအစိုးရက ဘတ်ဂျက် အမေရိကန်ဒေါ်လာ ၇ ဘီလီယံနီးပါး ခွင့်ပြုပေးလိုက်ပြီ ဖြစ်သည်။

အိန္ဒိယနိုင်ငံအတွင်း လေထုညစ်  ညမ်းမှုသည် ကားမီးခိုးငွေ့များကြောင့် အဓိကဖြစ်ပေါ်ခြင်း ဖြစ်ပြီး အဆိုပါ ကားမီးခိုးငွေ့များကို လျှော့ချနိုင်ရန် လျှပ်စစ်ဘတ်စ်ကားများ ပြေးဆွဲရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

ယခုအစီအစဉ်ကို  အစိုးရနှင့် ပုဂ္ဂလိက ဖက်စပ်အကောင်အထည် ဖော်မည်ဖြစ်ပြီး လျှပ်စစ် ဘတ်စ်ကား များ ပြေးဆွဲရာ လမ်းကြောင်း တစ်လျှောက်တွင် အားသွင်းရုံများ တည်ဆောက်သွားမည် ဖြစ်သည်။ 

အိန္ဒိယလွှတ်တော်သည် ပြည်နယ် ကိုးခုတွင် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စေရန် ရူပီးငွေ သန်း  ၃ ဒသမ ၂၅ သိန်း တန်ကြေးရှိ ရထားလမ်း ၇ လမ်း ဖောက်လုပ်ရေး စီမံကိန်းကိုလည်း အတည်ပြုထားကြောင်း သိရသည်။ 

(ref: AP)






အခြားဆက်စပ်သတင်းများ