နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
BRICS အုပ်စု အရှိန်မြှင့်ရန် အဖွဲ့ဝင်သစ်များ ခေါ်ယူရေး ဆွေးနွေး

ကိတ်တောင်း ဩဂုတ် ၂၅

တောင်အာဖရိကနိုင်ငံတွင် လက်ရှိ ကျင်းပနေသည့် BRICS အုပ်စု ထိပ်သီးအစည်းအဝေးပွဲတွင် အုပ်စုကိုချဲ့ထွင်ရန် အဖွဲ့ဝင်နိုင်ငံ သစ်များ ခေါ်ယူရေး ဆွေးနွေးနေ ကြောင်း သြဂုတ် ၂၄ ရက်တွင် တရုတ် သမ္မတရှီကျင့်ဖျင်က ပြောသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်အနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများကို BRICS အုပ်စုတွင် ပါဝင်ရန် အလွန်စိတ် အားထက်သန်နေပြီး အများစုသည် ပါဝင်ရန် လျှောက်ထားလာကြသဖြင့် အဖွဲ့ဝင်နိုင်ငံသစ် တိုးမြှင့်ခေါ်ယူရန် စဉ်းစားနေကြောင်း သမ္မတရှီက ဆို သည်။

 BRICS အဖွဲ့ကို ချဲ့ထွင်မည့်ကိစ္စသည် ထိပ်သီးအစည်းအဝေး အစီအစဉ်တွင် ထိပ်ဆုံးက ဦးဆောင်နေပြီး  ပါဝင် လာမည့် နိုင်ငံများအတွက် ပြတ် သားသည့်စည်းမျဉ်းများ ချမှတ်ရန် လိုကြောင်း အိန္ဒိယအစိုးရက ပြော သည်။ လက်ရှိ BRICS အဖွဲ့တွင် ပါဝင်ရန် နိုင်ငံပေါင်း ၄၀ ကျော်က စိတ်ဝင်စားနေပြီး ကုန်သွယ်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာ လွှဲပြောင်းမှုများတွင် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်း သုံး ငွေများ အသုံးပြုမှုကို မြှင့်တင်ခြင်းနှင့် အမေရိကန်ဒေါ်လာအပေါ် မှီခိုအား ထားမှုကို လျှော့ချရေး ဆွေးနွေးရန် ကိစ္စများလည်း ဆွေးနွေးလျက်ရှိ သည်။                  

(ref: Reuters)






အခြားဆက်စပ်သတင်းများ