နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အစ္စရေးလ်တွင် အမှိုက်ကတစ်ဆင့် စွမ်းအင်ထုတ်မည့် စက်ရုံတည်ဆောက်မည်

ဂျေရုဆ  ဩဂုတ် ၂၄

အစ္စရေးလ်နိုင်ငံအတွင်း အိမ်သုံးစွန့်ပစ်ပစ္စည်းများနှင့် အမှိုက်များက တစ်ဆင့် လျှပ်စစ်ဓာတ်အား ထုတ် လုပ်နိုင်သည့် စက်ရုံတစ်ခုကို တည် ဆောက်သွားမည်ဖြစ်ကြောင်း တာဝန် ရှိသူများက သြဂုတ် ၂၃ ရက်တွင် ကြေ ညာသည်။

အဆိုပါစက်ရုံကို နီဂါဗ် သဲကန္တာရ အနောက်ဘက်ရှိ ဂါဇာကမ်းမြောင် နှင့်ထိစပ်နေသည့် အစ္စရေးလ်၏ အကြီးဆုံး စိုက်ပျိုးရေးဒေသဖြစ်သော Eshkol တွင် တည်ဆောက်သွားမည်ဟု ဆိုသည်။

အစ္စရေးလ်၏ အကြီးဆုံး သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လုပ်ငန်းစဉ် တစ်ခုဖြစ်သည့် အဆိုပါ ပရော့ဂျက် သည် အမေရိကန်ဒေါ်လာ ၇၉ ဒသမ ၄ သန်းခန့် ကုန်ကျမည် ဖြစ်ပြီး တစ်နှစ် လျှင် အမှိုက်တန်ချိန် နှစ်သိန်းခန့်ကို ကိုင်တွယ်နိုင်မည်ဖြစ်ကြောင်း ခန့်မှန်း တွက်ချက်ထားသည်။

စက်ရုံက ထွက်ရှိသည့် မီသိန်း ဓာတ်ငွေ့များကို  အစ္စရေးလ် လျှပ်စစ် ကော်ပိုရေးရှင်းက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအတွက် အသုံးပြုသွား မည်ဖြစ်ပြီး ခန့်မှန်းခြေအားဖြင့် စွမ်းအင် ၆ ဒသမ ၃ မဂ္ဂါဝပ် နှင့် အရည်အသွေးမြင့် မြေဆွေးတန်ချိန် တန်ချိန် ၃၈,၀၀၀ ခန့် ရရှိမည်ဖြစ်သည်။

ထို့ပြင် ယခုလုပ်ငန်းစဉ်သည် ဖန်လုံ အိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုနှင့် အမှိုက် စွန့်ပစ်မှု နှစ်ခုလုံးကို သိသာ ထင်ရှားစွာ လျှော့ချနိုင် မည်ဖြစ်ပြီး ဒေသခံများကိုလည်း ဒါဇင်ချီသည့် အလုပ်အကိုင်များ ဖန်တီးပေးနိုင်မည် ဖြစ် ကြောင်း သိရသည်။

(ref; XinhuaNet)






အခြားဆက်စပ်သတင်းများ