နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Page အတုကိစ္စများ မဖြေရှင်းပါက ထိုင်းနိုင်ငံအတွင်း ဖေ့စ်ဘွတ်ခ် ပိတ်မည်

ဘန်ကောက် ဩဂုတ် ၂၄

ထိုင်းလူမျိုး ၂၀၀,၀၀၀ ကျော်ကို လိမ်လည်လှည့်ဖြားနေသည်ဟု တိုင် ကြားထားသော Page အတုများ၊ လိမ်လည်နေသော Page များမှ ကြော်ငြာခများကို ဖေ့စ်ဘွတ်ခ်က ဝန်ဆောင်မှုအဖြစ် လက်ခံရယူနေ သဖြင့် ယင်းကိစ္စကို မဖြေရှင်းပါက ထိုင်းနိုင်ငံအတွင်း ဆိုရှယ်မီဒီယာ ဝန်ဆောင်မှုကို ပိတ်ပစ်မည်ဖြစ် ကြောင်း အာဏာပိုင်များက သြဂုတ် ၂၃ ရက်တွင် ထုတ်ပြန်သည်။

ထိုင်းနိုင်ငံသားတို့ လိမ်လည်ခံရ သော ငွေကြေး ပမာဏစုစုပေါင်းသည် ဘတ် ၁၀ ဘီလီယံအထိရှိပြီး ယင်းကို မဖြေရှင်းပေးနိုင်ပါက ဖေ့စ်ဘွတ်ခ်ဝန်ဆောင်မှုများကို ပိတ်ပစ်ရန် ထိုင်းနိုင်ငံ ဒစ်ဂျစ်တယ် စီးပွားရေးနှင့် လူမှုရေးဝန်ကြီးက တရားရုံးချုပ်ထံ အမိန့်တောင်းခံမည် ဖြစ်ကြောင်း သိရသည်။

ထိုင်းအာဏာပိုင်များသည် ဖေ့စ်ဘွတ်ခ်တွင် မကြာခဏ ဖြစ်နေ သည့် ပြဿနာများကို အကြိမ်ပေါင်း များစွာ ဖော်ထုတ်ပြီး အဆိုပါ အတု အယောင်များကို စစ်ဆေးရန် တောင်းဆို ထားသော်လည်း ဖေ့စ်ဘွတ်ခ်ဘက်က ကူညီဖြေရှင်းရန်နှင့် ပူးပေါင်းဆောင် ရွက်ရန် ပျက်ကွက်လျက်ရှိကြောင်း ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုရေး ဝန်ကြီးဌာနက ပြောသည်။

ထို့ကြောင့် ထိုင်းအာဏာပိုင်များ အနေဖြင့် ထိုင်းနိုင်ငံတွင် ဖေ့စ်ဘွတ်ခ် ဆိုရှယ်မီဒီယာ ပလက်ဖောင်း ပိတ်ခွင့် ကို လာမည့် ခုနစ်ရက်အတွင်းတရားရုံး သို့ သွားရောက် တောင်းခံရန် ရည်ရွယ် ထားကြောင်း သိရသည်။   

(ref: CNN)






အခြားဆက်စပ်သတင်းများ