နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကီလိုမီတာ ၂,၀၀၀ ပျံသန်းနိုင်သည့် ပြည်တွင်းဖြစ် မောင်းသူမဲ့လေယာဉ်ကို အီရန် ပြသ

တီဟီရန်  ဩဂုတ် ၂၄

အမြင့်ဆုံးအမြန်နှုန်း တစ်နာရီ  ၂၁၀ ကီလိုမီတာ နှင့် အကွာအဝေးအားဖြင့် ကီလိုမီတာ ၂၀၀၀ ( ၁၂၄၂ မိုင်)အထိ ပျံသန်းနိုင်သော ပြည်တွင်းထုတ် မောင်းသူမဲ့လေယာဉ်ကို သြဂုတ် ၂၃ ရက်တွင် အီရန်က ထုတ်ဖော်ပြသ လိုက်သည်။

အီရန်နိုင်ငံ၏ ကာကွယ်ရေးစက်မှု လုပ်ငန်းနေ့  အထိမ်းအမှတ်အဖြစ် မြို့တော်တီဟီရန်တွင် ကျင်းပသည့် ပြပွဲအတွင်း မောင်းသူမဲ့ လေယာဉ် Mohajer-10 ကို ထုတ်ဖော်ပြသခြင်း ဖြစ်ကြောင်း သိရသည်။

အီရန်သတင်းဌာနများကမူ အမြင့်ဆုံးလောင်စာဆီပမာဏ ၄၅၀ လီတာရှိသည့် အဆိုပါ မောင်းသူမဲ့လေယာဥ်သည်  အမြင့်ပေ ၇၀၀၀ အထိ ပျံသန်းနိုင်ပြီး အလေးချိန် ၃၀၀ ကီလိုဂရမ်အထိ သယ်ဆောင် နိုင်ကာ ၂၄ နာရီ ပျံသန်းနိုင်ကြောင်း ရေးသားကြသည်။

ထို့ပြင် အဆိုပါ မောင်းသူမဲ့ လေယာဉ်သည် မတူညီသည့် လက် နက်ခဲယမ်းများနှင့် ဒုံးကျည်များကို သယ်ဆောင်နိုင်ပြီး အဆင့်မြင့် အီလက်ထရွန်းနစ် စနစ်များလည်း တပ်ဆင်ထားကြောင်း သိရသည်။


(ref: AFP)






အခြားဆက်စပ်သတင်းများ