နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယအာကာသယာဉ် လပေါ်ဆင်းသက်ရန် ပြင်ဆင်

နယူးဒေလီ  ဩဂုတ် ၂၃

အိန္ဒိယ အာကာသယာဉ် တစ်စီး သည် လ၏ တောင်ဝင်ရိုးစွန်းပေါ်ကို ဆင်းသက်ရန် အချိန်နီးကပ်လာ သဖြင့် လုပ်ငန်းစဉ်များ ပြင်ဆင်နေပြီ ဖြစ်ကြောင်း အိန္ဒိယအာကာသအေဂျင်စီ က သြဂုတ် ၂၂ ရက်တွင် ထုတ်ပြန် သည်။

အိန္ဒိယသည် အာကာသအင်အား ကြီး နိုင်ငံတစ်ခုအဖြစ် ရပ်တည်ရန် နှင့် အနာဂတ်တွင် လကမ္ဘာကို စူးစမ်း ရန် သက်ရောက်မှုရှိသည့် ခရီးစဉ် တစ်ခုအနေဖြင့်  ချန်ဒရာယန်း-၃ အာကာသယာဉ်ကို ဇူလိုင် ၁၄ ရက်တွင် စတင်လွှတ်တင်ခဲ့သည်။

အိန္ဒိယ အာကာသသုတေသန အဖွဲ့၏ အာကာသယာဉ်သည် ရုရှား နှင့်အပြိုင် လ၏ တောင်ဝင်ရိုးစွန်းပေါ်ကို ပထမဆုံး ဆင်းသက်နိုင်သူ ဖြစ်ရန် ကြိုးပမ်းနေပြီး ယင်းနေရာသည် အနာဂတ်ကာလတွင် လပေါ်အခြေချ နေထိုင်ရန် ထောက်ပံ့ပေးနိုင်သည့် ရေခဲများရှိနိုင်သည်ဟု ပညာရှင်များက ယူဆထားသည်။

ရုရှား၏ Luna-25 လဆင်းယာဉ် သည် သြဂုတ် ၂၀ ရက်က လမျက်နှာပြင် ပေါ် ဆင်းရန် ကြိုးပမ်းနေစဉ် ပျက်ကျ သွားပြီး အိန္ဒိယသည်လည်း ၂၀၁၉ ခုနှစ်က ချန်ဒရာယန်း-၂ လ ဆင်းယာဉ် ဖြင့် လပေါ်ဆင်းသက်ရန် ကြိုးပမ်းရာ အောင်မြင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

ယခု ချန်ဒရာယန်း-၃ လဆင်းယာဉ် တွင်မူ ယာဉ်ပေါ်ရှိစနစ်များအားလုံး ပြီးပြည့်စုံစွာ လည်ပတ်နေပြီဖြစ်ရာ ဆင်းသက်သည့်နေ့တွင် အရေးပေါ် အခြေအနေများ ဖြစ်မလာရန် စောင့် ကြည့်နေရသည်ဟု ဆိုသည်။

(ref: BBC)






အခြားဆက်စပ်သတင်းများ