နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နော်ဝေ ရွက်တပ်ကုန်သင်္ဘော ပင်လယ်ပြင် ခရီးစတင်

အော့စလို  ဩဂုတ် ၂၃

ကုန်တင်သင်္ဘောများတွင် လေ စွမ်းအားကို ထိန်းချုပ်ပြီး ဓာတ်ငွေ့ ထုတ်လွှတ်မှု နှင့် စွမ်းအင်အသုံးပြုမှု လျှော့ချနိုင်ခြင်းကို လေ့လာရန် ရည်ရွယ်ထားသည့် နော်ဝေ ရွက်တပ် ကုန်သင်္ဘောသည် သြဂုတ် ၂၂ ရက် တွင် ပင်လယ်ပြင် ခရီးစဉ်စတင်ပြီ ဖြစ် ကြောင်း သိရ သည်။

အမေရိကဖလား ပြိုင်ပွဲဝင် လှေ များကို ဒီဇိုင်းထုတ်ပေးလေ့ရှိသည့် BAR နည်းပညာလုပ်ငန်းစုက တီထွင် ထားသော ရွက်များကို နော်ဝေ သင်္ဘော ပေါ်တွင် တပ်ဆင်ထားခြင်းဖြစ်သည်။

ပင်လယ်ရေကြောင်းလုပ်ငန်းသည် ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ထုတ်လွှတ်မှု၏ ၃ ရာခိုင်နှုန်း နီးပါးရှိပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် ရှင်းထုတ်မှုကို အရှိန်မြှင့်ရန် သဘာဝ ပတ်ဝန်းကျင်အဖွဲ့များက စူးစမ်း လျက်ရှိသည်။

ထို့ကြောင့် ယခုကဲ့သို့ ငါးနှစ်သက် တမ်းရှိသည့် ကုန်တင်သင်္ဘော၏ ကုန်းပတ်ပေါ်တွင် အမြင့် ၃၇ မီတာ ခွဲရှိ ကြီးမားသည့်ရွက်များ တပ်ဆင် ကာ စမ်းသပ်သုံးစွဲရန် ထွက်ခွာခြင်း ဖြစ်ကြောင်း၊ လေထုအားသည် ရေနွေး ငွေ့နှင့်  ဒီဇယ်အင်ဂျင်ခေတ်များ မပြောင်းမီက သင်္ဘောများ တွန်းအား ရရန် ဘုံနည်းလမ်းတစ်ခု ဖြစ်သော် လည်း ယခုမူ သေးငယ်သည့် ရေယာဉ် များအတွက်သာ အသုံးပြုနိုင်ကြောင်း သိရသည်။

(ref: Daily Mail)






အခြားဆက်စပ်သတင်းများ