နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထိုင်းတရားရုံးက ပြစ်ဒဏ်များ ချမှတ်

ဘန်ကောက် ဩဂုတ် ၂၃

ပြည်ပ၌ ၁၇ နှစ်ကြာ သွားရောက် ခိုလှုံနေရာက သြဂုတ် ၂၂ ရက်တွင် ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိ လာသော ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်အား ထိုင်းတရားရုံးက ထောင်ဒဏ် ၈ နှစ် ပြစ်ဒဏ်ချမှတ် လိုက်သည်။

၎င်းသည် ဒွန်မောင်းလေဆိပ်သို့ ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ရောက် ရှိလာခြင်းဖြစ်ပြီး လေဆိပ်မှ ထွက် လာပြီးနောက် ထိုင်းဘုရင်မင်းမြတ် မဟာဝိဇယလောင်ကွန်း၏ ပုံတော်ရှေ့ ဂါရဝပြုကာ ထောက်ခံသူများအား နှုတ်ဆက်စကား‌ ပြောကြားသည်။

ထို့နောက် ၎င်းကို တရားရုံးသို့ခေါ် ဆောင်သွားပြီး တရားရုံးက သက်ဆင် ပိုင်ဆိုင်ခဲ့သော ကုမ္ပဏီဟောင်း Shin Corp နှင့်  ပတ်သက်သည့် ပြစ်ဒဏ်တစ်ခု၊ဘဏ်ချေးငွေ၊ ထီကိစ္စ တို့နှင့်ပတ်သက်၍ အမှုသုံးခုအတွက် စုစုပေါင်းထောင်ဒဏ်ရှစ်နှစ် ချမှတ်လိုက် ခြင်း ဖြစ်သည်။

ထိုင်းစစ်တပ်က သက်ဆင်အား အကျင့်ပျက်ခြစားမှု၊ ဘုရင်စနစ်အပေါ် သစ္စာဖောက်ဖျက်မှု စွပ်စွဲချက်များ ဖြင့် ရာထူးမှ  ဖြုတ်ချပြီးနောက် နှစ်နှစ်အကြာတွင် ထောင်ဒဏ်ချမှတ် ခံရမည်စိုးသဖြင့် ပြည်ပသို့ တိမ်းရှောင် သွားခြင်းဖြစ်သည်။

အသက် ၇၄ နှစ်အရွယ်ရှိ မစ္စတာ သက်ဆင်အား နှလုံးနှင့်အဆုတ်ရောဂါ များကြောင့် အများနှင့်သီးသန့်ခွဲကာ ပြစ်ဒဏ်ကျခံစေမည် ဖြစ်ပြီး စီရင် ချက်ချအပြီး  ငါးရက်အကြာတွင် မိသားစုဝင်များက ၎င်းထံ လာတွေ့နိုင် မည်ဖြစ်ကြောင်း အာဏာပိုင်များက ဆိုသည်။

(ref : CNA)






အခြားဆက်စပ်သတင်းများ