နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘရာဇီးလ် ဘောလုံးပွဲအပြန် ကားမှောက်သဖြင့် လူ ခုနစ် ဦးသေဆုံးကာ ၂၇ ဦးဒဏ်ရာရ

ရီယိုဒီဂျနေးရို ဩဂုတ် ၂၂

ဘရာဇီးလ်နိုင်ငံ အနောက်တောင် ပိုင်း၌ ဘောလုံးပွဲမှပြန်လာသည့် ဘောလုံးပရိသတ်များအား တင်ဆောင် လာသော ကားတစ်စီး တိမ်းမှောက်မှု ကြောင့် လူ ၇ ဦးသေဆုံးကာ ၂၇ ဦး ဆေးရုံတင်ထားရကြောင်း သိရသည်။

ယခုမတော်တဆမှုသည် ကား ဘရိတ်ပေါက်ပြီး ထိန်းချုပ်နိုင်ခြင်းမရှိ ရာကတစ်ဆင့် တိမ်းမှောက်သွားခြင်း ဖြစ်သည်ဟု အာဏာ ပိုင်များက သြဂုတ် ၂၁ ရက်တွင် ထုတ်ပြန်သည်။

ဆော်ပိုလို၏ ကော်ရင်သီရန် ဘောလုံး အသင်းပရိသတ် ၄၀ ကျော် သည် Belo Horizonte ရှိ ဘောလုံး ပွဲမှပြန်လာခြင်းဖြစ်ကာ သေဆုံးသူ ခုနစ်ဦးရှိပြီး ဆေးရုံပို့ထားသူများ၏ အခြေအနေကိုမူ သက်ဆိုင်ရာက ထုတ် ပြန်ကြေညာထားခြင်း မရှိသေးကြောင်း သိရသည်။

ဘရာဇီးလ်နိုင်ငံတစ်ဝန်းရှိ ကလပ် အသင်းများနှင့် ဘရာဇီးလ် ဘောလုံး အဖွဲ့ချုပ်ကမူ သေဆုံးသူများ၏ မိသားစုများနှင့် သူငယ်ချင်းများထံ ဝမ်းနည်းကြောင်းစာများ ရေးသားပေး ပို့ထားသည်။

(ref : AFP)






အခြားဆက်စပ်သတင်းများ