နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မာဝီကျွန်း တောမီးလောင်ကျွမ်းမှုအတွင်းအိမ်တစ်လုံး ထူးဆန်းစွာ ကျန်ရှိ

လာဟိုင်နာ ဩဂုတ် ၂၂

မာဝီကျွန်းတွင် တောမီးလောင် ကျွမ်းမှု အကြီးအကျယ် ဖြစ်ပွားပြီး နောက် လာဟိုင်နာ တစ်မြို့လုံး မီးလောင်ပြာကျသွားသော်လည်း မြစ်ကမ်းဘေးရှိ နေအိမ်တစ်လုံးသည် ထိခိုက်ပျက်စီးမှုမရှိဘဲ အကောင်း အတိုင်း ဆက်လက်ရှိနေကြောင်း သိရသည်။

လာဟိုင်နာမြို့ကို ဝေဟင်က ရိုက်ကူးထားသည့် ဓာတ်ပုံများကို ကြည့်ပါက အပျက်အစီး အပိုင်းအစ များ ကြားတွင်  ခေါင်မိုး အနီ ရောင်နှင့် အဖြူရောင် အိမ်ကြီးတစ်လုံးကို တွေ့ မြင်ရမည် ဖြစ်သည်။

အမေရိကန်ဒေါ်လာ ၄ သန်းတန် ကြေးရှိ အဆိုပါနေအိမ်ကို  မီးဘေးဒဏ် ခံနိုင်ရန် ပြင်ဆင်ထားခြင်း ဖြစ် ကြောင်း၊ အိမ်၏ ခေါင်မိုးများကို အုတ်ကြွပ်မိုးမည့်အစား သံမဏိခေါင် မိုးတပ်ဆင်ထားပြီး အိမ်ဘေးပတ် လည်ရှိ သစ်ပင်အကိုင်းများကိုလည်း ခုတ်ထွင် ထားခြင်းကြောင့် မီးကူး စက်မှုမရှိခြင်းဖြစ်ကြောင်း အိမ်ပိုင်ရှင် ဇနီးမောင်နှံ ဒိုရာနှင့် ဒပ်ဒလေတို့က ပြောသည်။

ဒိုရာနှင့် ဒပ်ဒလေတို့ ဇနီးမောင်နှံ သည် တောမီးလောင်ကျွမ်းချိန်တွင် မက်ဆာချူးဆက်ပြည်နယ်ရှိ မိသားစုများထံ သွားရောက် လည်ပတ် နေကြသဖြင့် မီးဘေးက လွတ်မြောက် ခဲ့သည်ဟု ဆိုသည်။

မာဝီကျွန်း တောမီးလောင်ကျွမ်းမှု တွင် သေဆုံးသူ ၁၁၂ ဦးအထိ ရှိပြီး ပျောက်ဆုံးသူများလည်း ရှိနေသည့် အပြင် သေဆုံးသူ အရေအတွက် ထပ်မံ မြင့်တက်လာနိုင်ခြေရှိကြောင်း သိရ သည်။                      

(ref: AFP)






အခြားဆက်စပ်သတင်းများ