နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီဂျစ်နိုင်ငံရေးအကျဉ်းသားအချို့ လွတ်ငြိမ်းဖြင့်လွတ်မြောက်

ကိုင်ရို ဩဂုတ် ၂၁

အီဂျစ်နိုင်ငံတွင် နာမည်ကြီး တက် ကြွလှုပ်ရှားသူ အာမက်ဒိုမာ အပါအဝင် အကျဉ်းသားအများအပြားကို အစိုးရ က လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက် ပြီဖြစ်ကြောင်း  သြဂုတ်  ၂၀  ရက် သတင်းများတွင် ဖော်ပြချက်အရ သိရ သည်။

၂၀၁၁ ခုနှစ် အီဂျစ်ဒီမိုကရေစီအရေး လှုပ်ရှားမှုတွင် ထင်ရှားသည့် ခေါင်း ဆောင်တစ်ဦးဖြစ်သော ဒိုမာသည် ၂၀၁၉ ခုနှစ်တွင် ဆူပူလှုံ့ဆော်မှုနှင့်လုံခြုံရေး တပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှု စသည့် စွပ်စွဲချက်များနှင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံထားရခြင်းဖြစ်သည်။ 

အီဂျစ်နိုင်ငံတွင် ၂၀၂၁ ခုနှစ်ကစပြီး လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို အလေးထားကိုင်တွယ်သည့်အနေဖြင့် ထင်ရှားသည့် နိုင်ငံရေးအကျဉ်းသား အချို့အပါအဝင် အကျဉ်းသားအများ အပြားကို လွတ်ငြိမ်းချမ်းသာခွင့်ပေး လိုက်ခြင်း ဖြစ်သည်။

သို့ရာတွင် လေ့လာသူများကမူ ယင်းဆောင်ရွက်ချက်များသည် ဟန်ပြ သာဖြစ်ပြီး နိုင်ငံရေးနှင့် ဆက်နွှယ်သူ များကို ဖမ်းဆီးမှုများ ဆက်ရှိနေဆဲ ဖြစ် ကြောင်း ထောက်ပြထားသည်။ 

(ref: AFP)






အခြားဆက်စပ်သတင်းများ