နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်ရောဂါပိုး ရှိ၊ မရှိ ခွေးများနှင့် အနံ့ခံရှာဖွေနိုင်

ကယ်လီဖိုးနီးယား   ဩဂုတ် ၂၀

ခွေးများကို အနံ့ခံစေခြင်းဖြင့် ကိုဗစ်ရောဂါပိုး ရှိ၊ မရှိ သိနိုင်ကြောင်း ကယ်လီဖိုးနီးယား သိပ္ပံပညာရှင်များက စမ်းသပ်မှု ဒါဇင်ချီပြုလုပ်၍ အတည်ပြု လိုက်ပြီဖြစ်သည်။

ခွေးများ၏ အနံ့ခံဆဲလ်များသည် သန်း ၃၀၀ ခန့်အထိရှိကာ လူများတွင်မူ ခြောက်သန်းခန့်သာရှိခြင်းကြောင့် အနံ့ များကို ခွဲခြမ်းစိတ်ဖြာသည့်နေရာတွင် ခွေးများ၏ ဦးနှောက်အစိတ်အပိုင်း သည် လူသားများထက် အဆ ၄၀ ခန့် ပိုမိုအားကောင်းကြောင်း သိရသည်။

ကိုဗစ်ရောဂါပိုးရှာဖွေရာတွင် လူသား များ၏ လက်ရှိအကောင်းဆုံးနည်းပညာ ထက် ခွေးများ၏ အနံ့ခံစွမ်းရည်သည် ပိုမိုမြန်ဆန်တိကျကာ အကုန်အကျ သက်သာစေနိုင်သည့်အပြင် ၎င်းတို့ သည် ပုန်းကွယ်နေသောဗိုင်းရပ်စ်များ၊ မျိုးဗီဇကွဲများသာမက အအေးမိဖျားနာ ဗိုင်းရပ်စ်များကိုပါ အနံ့ခံနိုင်ကြောင်း လေ့လာတွေ့ရှိထားခြင်းဖြစ်သည်။

သမားရိုးကျစမ်းသပ်နည်းများဖြင့် ရှာမတွေ့နိုင်သည့် အခြေအနေများတွင် ခွေးများသည် ကိုဗစ်ပိုးကို တွေ့ရှိနိုင် မည်ဖြစ်ပြီး အနံ့ခံရှာဖွေရန် လေ့ကျင့် ပေးထားခြင်းကြောင့် ဆေးရုံ၊ ဆေးခန်း များရှိ RT-PCR စမ်းသပ်နည်းများထက် ပိုမိုထိရောက်နိုင်ကာ တိုက်ရိုက်အနံ့ခံ ပြီးနောက် စက္ကန့်ပိုင်းအတွင်း ရလဒ် ထုတ်ပြနိုင်ကြောင်း သိရသည်။

ကိုဗစ်ရောဂါပိုးအပါအဝင် ရောဂါ အများစုကို ဖင်လန်နိုင်ငံနှင့် ကိုလံဘီယာ တို့ကဲ့သို့ နိုင်ငံများ၌ ခွေးများနှင့် စတင် စမ်းသပ်ရန် နေရာကျယ်များ ပြုလုပ် နေပြီဖြစ်သည်။

(ref: Reuters)






အခြားဆက်စပ်သတင်းများ