နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာရှတိုက် အမြင့်ဆုံးသစ်ပင် တရုတ်တွေ့ရှိ

 ပေကျင်း၊သြဂုတ် ၁၅

အာရှတိုက်၏ အမြင့်ဆုံးသစ်ပင်ကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှီသောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တွင် ရှာဖွေတွေ့ရှိထားကြောင်း ဘူမိ သိပ္ပံသုတေသီများက သြဂုတ် ၁၄ ရက် တွင် ထုတ်ပြန်သည်။ 

သုတေသန  ရလဒ်များအရ အဆိုပါသစ်ပင်သည်  အမြဲစိမ်း ထင်းရှူးပင်တစ်မျိုးဖြစ်ပြီး နှစ်ပေါင်း ၁၅၀၀ ခန့် သက်တမ်းရှိကာ အရှည် ၁၀၁ ဒသမ ၂ မီတာနှင့် လုံးပတ် ၂၉၆ စင်တီမီတာ ရှိကြောင်း၊ ယင်းကို ဟိမဝန္တာကျောက်ပန်းပင်ဟု လူသိ များကြောင်း သိရသည်။

ရှီသောက်ဒေသ၏ အမျိုးသား သဘာဝဘေးမဲ့တောတွင် အဆိုပါ ထင်းရှူးပင်ကို တွေ့ရှိခြင်းဖြစ်ပြီး လပေါင်းများစွာ သုတေသနပြုပြီး နောက် အမြင့်ဆုံးသစ်ပင်အဖြစ် ကြေညာလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ယင်းအပင်ကြီး အနီးတွင် ကျောက်ပန်းထင်းရှူးပင်အမျိုးအစား များကိုတွေ့ရပြီးအဆိုပါ ဟိမဝန္တာ ကျောက်ပန်းထင်းရှူးပင်များကို နိုင်ငံတော်၏ ပထမတန်းစား အကာ အကွယ်ပေးရမည့်အပင်အဖြစ် သတ် မှတ်ထားကြောင်းသိရသည်။                                              

(ref:Daily Mail)






အခြားဆက်စပ်သတင်းများ